ချင်းပြည်နယ်၊ တီးတိန်မြို့မှ COVID-19 ပိုးရှိသူ လူနာအမှတ် ၁ ခရီးသွားလာစဉ် ဝင်ရောက် တည်းခိုခဲ့သည့် ကလေးမြို့မှ နေအိမ်ပိုင်ရှင် အမျိုးသမီးတွင် ရောဂါပိုးကူးစက်ခံရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကလေးမြို့ ကျန်းမာရေးဦးစီးဌာနမှ သတင်းအချက်အလက် ဆက်သွယ်ရေးတာဝန်ခံ ဦးမျိုးမြင့်က ဧရာဝတီသို့ ယနေ့မနက်က အတည်ပြုပြောသည်။
ဦးမျိုးမြင့်က “သူက သတို့သားနဲ့ တီးတိန်ကိုလည်း လိုက်သွားခဲ့သေးတယ် ပြောတယ်၊ ၆၃ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကြီးပေါ့၊ အခုအိမ်ပတ်ဝန်းကျင်ကို အဝင်အထွက် ပိတ်ဆို့နေပါပြီ” ဟု ရှင်းပြသည်။
ကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနကလည်း လူနာအမှတ် ၁ တည်းခိုခဲ့သည့်နေအိမ်မှ ရောဂါပိုးတွေ့ရှိမှု အခြေအနေအား သတင်းထုတ်ပြန်ထားပြီး နေအိမ်ပတ်ဝန်းကျင် လမ်းများ ပိတ်ဆို့ထားကြောင်းလည်း ကြေညာထားသည်။
COVID-19 ရောဂါပိုးရှိသူ လူနာအမှတ် ၁ သည် အမေရိကန်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာရှိ ၎င်း၏ မိခင်ဖြစ်သူနှင့် တီးတိန်မြို့ရှိ ၎င်းတည်းခိုခဲ့သည့် နေအိမ်မှ တဦးတို့လည်း ကူးစက်ခံထားရပြီး တီးတိန်ဆေးရုံတွင် ကုသမှု ခံယူလျှက်ရှိသည်။
You may also like these stories:
အဆိုတော်ဂျေမီနှင့် မိသားစုကို COVID-19 ရောဂါပိုးစစ်ဆေး
မြဝတီမှ ပြန်လာသူ ပုသိမ်ဆေးရုံ၌ သံသယလူနာအဖြစ် စောင့်ကြည့်ကုသနေရ
အဆိုတော် မျိုးကြီး တွင် COVID-19 ရောဂါပိုးတွေ့ ရှိ