သတင်းတို

မန္တလေးတိုင်းတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်သူ ၃၆၀၀ ကျော် ရှိနေသေး

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ကန့်သတ်စောင့်ကြည့်သူ (Facility Quarantine) ၃၆၀၀ ကျော် ရှိကြောင်း မန္တလေး တိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ဧပြီလ ၂၁ ရက်အထိ စာရင်းများအရ တိုင်းအတွင်း ၂၈ မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine) နေရာ ၁၀၀၄ နေရာတွင် လက်ရှိ ၃၆၂၂ ဦး ကျန်ရှိနေသလို ၁၄ ရက် ပြည့်ပြီးသူ ၂၆၉၃ ဦး၊ ၂၁ ရက်ပြည့်ပြီးသူ ၁၁၄ ဦး ရှိကြောင်း တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက “တိုင်းအတွင်း ပြန်ရောက်လာတဲ့ ပြည်တော်ပြန်တွေနဲ့ ခရီး သွားတွေကို Facility Quarantine ပြုလုပ်နိုင်ဖို့ ခရိုင်၊ မြို့နယ်များအလိုက် နေရာ ၁ ထောင်ကျော်ထိ ပြုလုပ်ထားပြီး မဖြစ် မနေ Quarantine ဝင်ခိုင်းနေပါတယ်” ဟု ပြောသည်။

ထို့ပြင် ရွှေပြည်သာဟိုတယ် (မန္တလေး)၊ ပုဂံမြို့ရှိ ရာဇဂြိုဟ်ဟိုတယ်၊ လောကသစ္စာဟိုတယ်၊ ရွှေပိုးအိမ်ဟိုတယ်နှင့် စဉ့်ကူး မြို့ရှိ လက်ကီးဆဲဗင်း ဟိုတယ်တို့တွင် Hotel Quarantine ပြုလုပ်ထားသူ ၁၆ ဦး ကျန်ရှိနေသေးသလို ၁၄ ရက် ပြည့်ပြီးသူ ၉၈ ဦး၊ ၂၁ ရက်ပြည့်ပြီးတဦး ရှိသည်။

Facility Quarantine ပြုလုပ်ရာတွင် မန္တလေးတိုင်းရှိ မိတ္ထီလာခရိုင်တွင် နေရာ ၃၃၇ နေရာ၊ လက်ရှိ ၁၇၂၀ ဦး၊ ၁၄ ရက် ပြည့် ၇၈၈ ဦး၊၂ ၁ ရက်ပြည့် ၂၂၆ ဦးတို့ဖြင့် အများဆုံးဖြစ်ပြီး ရမည်းသင်းခရိုင်သည် ၂၂၅ နေရာ၊ လက်ရှိ ၈၂၅ ဦး၊ ၁၄ ရက် ပြည့် ၁၁၆၇ ဦး၊ ၂၁ ရက်ပြည့် ၄၉၅ ဦးတို့ဖြင့် ဒုတိယအများဆုံးဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဧပြီလ ၂၂ ရက်ထိ မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာ ၂ ဦးရှိခဲ့ပြီး တဦးတွင် ပိုးမတွေ့ရသဖြင့် ဆေးရုံ ဆင်းခွင့်ပြုထားပြီးဖြစ်သလို ကျန်တဦး၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ စောင့်ကြည့်လူနာ၊ သံသယလူနာများကို ထားရှိသည့် ကန်တော်နဒီဆေးရုံ၊ နဒီမြန်မာဟိုတယ်နှင့် Facility Quarantine များမှ ပိုးမတွေ့လူနာများကို သတ်မှတ်ရက်ပြည့်သည်နှင့် အဆုတ် ဓာတ်မှန်ကောင်းမွန်မှု၊ အနည်း ဆုံး ၄၈ နာရီ အဖျားကင်းစင်လျှင် နေရပ်များသို့ ပြန်ခွင့်ပြုထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ၂၂ ရက် နံနက်ပိုင်းထိ သတင်းထုတ်ပြန်ချက်အရ Covid-19 ရောဂါ ဖြစ် ပွားသူ ၁၂၁ ဦးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၅ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့် ရရှိသူ ၉ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေးတိုင်းအတွင်း ပြည်တော်ပြန်များ Quarantine လုပ်မည့်နေရာ ၆၀၀ ကျော်ရှိ

ဆေးရုံဆင်းခွင့်ပြုထားသည့် Covid-19 လူနာကို Facility Quarantine ဖြင့် စောင့်ကြည့်

Did you find apk for android? You can find new Free Android Games and apps.
Loading