သတင်းတို

IMF ထံမှ ဒေါ်လာ သန်း ၇၀၀ ချေးငွေရရန် လွှတ်တော်အတည်ပြု

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ IMF ထံမှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) အစီအစဉ်များအောက်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ (ကျပ် ၁၀၀၀ ဘီလီယံ ခန့်) ရယူနိုင်ရေးကို ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်သ ည်။

အဆိုပါ ချေးငွေကို ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် ဘတ်ဂျက်သည် သာမန်နှစ်များထက် ပို၍ လိုငွေပြမည့်နှစ်ဖြစ်ပြီး ယင်းသို့ မြင့်တက်လာမည့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်တွင် ပြောသည်။

၎င်းက “မူလ ခန့်မှန်းထားတဲ့ လိုငွေအပြင်ကို COVID -19 ဂယက်ကြောင့် မူလ လျာထားချက်မှာ မပါဝင်တဲ့ အသုံးစရိတ်တွေ သုံးစွဲလာရခြင်း၊ စီးပွားရေးနလန်ထူဖို့ကို လိုအပ်တဲ့ မူဝါဒပိုင်းဆိုင်ရာ အသုံးစရိတ်များ၊ ရငွေများ လျော့နည်းနိုင်မှု အလားအလာအရ လိုငွေမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းအပြင် ယခင်က ဘတ်ဂျက်လိုငွေဖြည့်ဆည်းရာတွင် အစိုးရငွေတိုက်စာချုပ်၊ အစိုးရငွေတိုက် လက်မှတ် နှင့် မြန်မာနိုင်ငံဗဟိုဘဏ်မှ ငွေချေးယူခြင်း ဟူ၍ နည်းလမ်း ၃ မျိုးဖြင့် ဆောင်ရွက်ခဲ့ပြီး ယခု IMF ချေးငွေသည် အဆိုပါ ပြည်တွင်းမှ ကြွေးမြီများထက် အတိုးနှုန်းသက်သာပြီး ချေးငွေ သက်တမ်းလည်း ရှည်ကြာကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

အစိုးရငွေတိုက်စာချုပ် ပျမ်းမျှအတိုးနှုန်းသည် ၇ ဒသမ ၅ ရာခိုင်နှုန်း မှ ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ အစိုးရေ ငွတိုက်လက်မှတ် ပျမ်းမျှအတိုးနှုန်းသည် ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်း နှင့် ယခင်နှစ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းအတွက် ပျမ်းမျှအတိုးနှုန်းသည် ၆ ရာခိုင်နှုန်းမှ ၈ ဒသမ ၁ ရာခိုင်နှုန်းအထိရှိပြီး ငွေတိုက်စာချုပ်မှာ အများဆုံး ၅ နှစ်အထိ၊ ငွေတိုက်လက်မှတ်မှာ အများဆုံး ၁ နှစ်အထိ နှင့် ဗဟိုဘဏ်မှ ငွေချေးယူခြင်းမှာ အများဆုံး ၃ လအထိ ရရှိလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေရယူခြင်းသည် နိုင်ငံတော်၏ လိုငွေကို တဖက်တလမ်းမှ ဖြည့်ဆည်းနိုင်မည့်အပြင် G-20 က ထုတ်ပြန်ထားသည့် Debt Service Suspension Initiative (DSSi) တွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး DSSI အရ ကြွေးမြီရှင်နိုင်ငံများ နှင့် ညှိနှိုင်းပြီး  ကြွေးြ မီရွှေ့ဆိုင်းမှု အသုံးစရိတ်များကို ရရှိချိန်၊ ရရှိသည့် ပမာဏအပေါ်မှုတည်၍ သင့်လျော်သော အသုံးစရိတ်ကို လွှဲပြောင်းသုံးစွဲရန် လိုအပ်က လွှဲပြောင်းသုံးစွဲခြင်း၊ သုံးစွဲရန် မလိုအပ်ပါက လိုငွေသက်သာ မှုဖြစ်စေရန်  ဆောင်ရွက်ခြင်းဆိုသည့် ပုံစံများဖြင့် အချိန်နှင့် တပြေးညီ ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် လျားထားချက်သည် ကျပ် ၆၅၅၅ ဘီလီယံ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ဧရာဝတီတိုင်းအတွင်း ချေးငွေ ပြန်မဆပ်သည့် လယ်သမား ၁၄၀၀၀၀ ကျော်ရှိနေ

မြန်မာ့စီးပွားရေး ကုစားရန် အစိုးရချေးငွေ ဒုတိယအသုတ် ထပ်ချေးပေးမည်

Loading