သတင်းတို

မုတ်သုံနောက်ကျ၍ စိုက်ပျိုးရေး အခက်တွေ့နိုင်

Want create site? Find Free WordPress Themes and plugins.

မုတ်သုံအဝင် နောက်ကျပြီး မိုးရွာသွန်းမှု လျော့ကျနိုင်သည့်အတွက် စိုက်ပျိုးရေး အခက်တွေ့နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အခြေအနေကြောင့် ရေလိုအပ်ချက်နည်းသည့် သက်တမ်းတို စပါးမျိုးများနှင့် ရေငတ်ဒဏ်ခံ စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရန်၊ ရေလိုအပ်ချက်လျော့နည်းသည့် ပျိုးသက်နုကောက်ကွက်ကြဲ စနစ်၊ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်း စနစ်၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်၊ ကဲျခင်းစနစ်တို့ကို လုပ်သားရရှိမှုပေါ် မူတည်ပြီး စိုက်ပျိုးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနက အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့်က “ကိုယ့်ရဲ့ မြေအမျိုးအစားပေါ်မူတည်မယ် ရေရရှိမှု အပေါ် လည်း မူတည်မယ်။ ကိုယ့်ရဲ့ လုပ်သား ရရှိမှုပေါ်မှာလည်း မူတည်ပြီးတော့မှ ဆုံးဖြတ်ရမှာပေါ့။ ဒါတွေကို တောင်သူတွေ ရွေးချယ်နိုင်အောင်လို့ Highlight သဘောမျိုးလုပ်ပြတာ” ဟု ဆိုသည်။

ယင်းအခြေအနေကြောင့် ပုံမှန်စိုက်ပျိုးနေကျ အသီးအနှံများ အပါအဝင် ဈေးကွက်ဝင် တခြား ဟင်းသီးဟင်ရွက်များကိုပါ စိုက်ဧက လျော့ချစိုက်ပျိုးခြင်း မပြုလုပ်ရန်၊ အစိုဓာတ် လျော့နည်းမှုကြောင့် ထွက်နှုန်းထိခိုက်မှု မရှိစေရန်အတွက် သတိပြုပြီး လိုအပ်ပါက ပုံစံပြောင်း စိုက်ပျိုးရန် စိုက်ပျိုးရေး ဦးစီးဌာနက အသိပေးထားသည်။

ဧပြီနှင့် မေလများတွင် လေဖိအားနည်းရပ်ဝန်းများ ယခင်နှစ်လောက် မဖြစ်ခဲ့သည့်အပြင် မုတ်သုံအဝင်နောက်ကျ ခြင်းကြောင့် ဇွန်လကုန်အထိ မိုးပုံမှန်ရွာသွန်းမည့် အခြေအနေမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မိုးဦးမကောင်းဘူး။ မိုးလယ်နဲ့ မိုးနှောင်းမှာတော့ မိုးပုံမှန်ရနိုင်တယ်။ ကျနော်တို့ဘက်မှာ လေဖိအားနည်းရပ်ဝန်းတွေက အရင်ကဆို ပုံမှန်လောက်ပဲရှိပါတယ် တအားကြီးတော့ မလျော့သွားပါဘူး။ ဒီနှစ်မှသာ ဧပြီလမှာ လေဖိအားနည်း ရပ်ဝန်း မဖြစ်တဲ့ အနေအထားမျိုး ဒါကလည်း climate change ရဲ့ effect တွေပေါ့ ”ဟု ပြောသည်။

ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ လည်းကောင်း၊ ဇွန်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မြန်မာတနိုင်ငံလုံးသို့ လည်းကောင်း ဝင်ရောက်နိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading