သတင်းတို

ဘင်္ဂလားဒေ့ရှ် နယ်စပ် ARSA နှင့် တိုက်ပွဲ ယူနီဖောင်းဝတ် ၂ လောင်း ရဟုဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ယနေ့ ညနေပိုင်းက လုံခြုံရေး တပ်ဖွဲ့များနှင့် ARSA အဖွဲ့ တို့ကြား တိုက်ပွဲဖြစ်ပွားရာ ယူနီဖောင်းဝတ် အလောင်း ၂ လောင်းနှင့် လက်နက် ၂ ခု သိမ်းဆည်းမိကြောင်း သတင်းရရှိ သည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီနေ့ ညနေ ၄ နာရီ ကျော်ကျော်လောက်မှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တိုက်ပွဲ ဖြစ်တယ်။ နယ်စပ်လုံခြုံရေး ဆောင်ရွက်နေတဲ့အဖွဲ့ နဲ့ ARSA အဖွဲ့ နဲ့ ဖြစ်တယ်။ ARSA ဘက်က အင်အား ၃၀ လောက်တော့ပါမယ် ထင်တယ်။ ဟိုဘက်က အလောင်း ၂ လောင်းနဲ့ လက်နက် ၂ လက် ရ လိုက်တယ်”ဟု ပြောသည်။

ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ – ၃၄ နှင့် ဘီပီ – ၃၅ အကြားသို့ အရောက် မီးဒိုက် ကျေးရွာ အနီးတွင် ARSA အဖွဲ့ နှင့် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်ကြပြီးနောက် ARSA အဖွဲ့ က အရှေ့ တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲအပြီးတွင် ARSA ဘက်မှ ယူနီဖောင်းဝတ် အလောင်း ၂ လောင်း၊ သေနတ် ၂ လက်နှင့် ခဲယမ်း ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိပြီး ရဲတပ်ဖွဲ့ ဝင်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ များနှင့် ARSA အဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ယင်းဒေသသို့ ရက္ခိုင့် စစ်တပ် (AA) ပါ ရောက်ရှိလာပြီး တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

ARSA သည် မြန်မာ-ဘင်္ဂလားဒေ့ရှိ နယ်စပ်တွင် လှုပ်ရှားနေသည့် အဖွဲ့ ၁ ခု ဖြစ်ပြီး အစိုးရက ၎င်းတို့ အဖွဲ့ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading