ရုရှားနိုင်ငံတွင် ပြုလုပ်သည့် Victory Day of Great Patriotic War (၇၅) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပြီး နေ ပြည်တော်သို့ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ပြန်လည် ရောက်ရှိလာခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ကို ယနေ့ ကိုဗစ် ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးရာ ပိုးမတွေ့ ရကြောင်း သတင်း ရရှိသည်။
“ရုရှားကနေ ချစ်ကြည်ရေး ခရီးပြန်လာတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ချစ်ကြည်ရေး ခရီးမှာ လိုက်ပါသွားတဲ့ ၁၅ ဦး၊ ရုရှားကနေပြီးတော့မှ ပြန်ပါလာတဲ့ ပညာတော်သင်အဖွဲ့ ၂၂ ဦး။ သူတို့ကို ဒီနေ့မှာ ကိုဗစ် – 19 နဲ့ ပတ်သက်ပြီး အာ ခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တွေ ယူပြီး စစ်ဆေးခဲ့ပါတယ်။ အားလုံးမှာ ကိုဗစ် – 19 ရောဂါပိုး တွေ့ ရှိရမှု မရှိပါဘူး”ဟု တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်ကြောင့် ၂ နိုင်ငံကြား စစ်ဘက်ဆက်ဆံရေး ပိုကောင်းလာသည်ဟု ပြောဆိုမှုများ ရှိပြီး ယင်းအခမ်းအနားသို့ နိုင်ငံတကာမှ သမ္မတ ၁၀ ဦး၊ နိုင်ငံတကာ တပ်မတော်များမှ ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်များ တက်ရောက်ခဲ့ကြသည်။
ယင်းခရီးစဉ်အပြီးတွင် ပြန်လာကြသူများထဲတွင် ဆားဘီယားနိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးတွင် ကိုဗစ်ပိုးတွေ့ ရှိသည် ဆိုသော သတင်းများကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဆေးစစ်ပေးရန် လူမှုကွန်ရက် တွင် ပြောဆိုမှုများ ရှိခဲ့သည်။
တပ်မတော်ဘက်ကမူ မြန်မာကိုယ်စားလှယ် အဖွ့ဲ ရုရှားသို့ မသွားမီ ကိုဗစ်-19 စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးအရ စစ်ဆေးမှုများ ဆောင်ရွက်သွားသလို ပြန်လာသည့် အခါတွင်လည်း ကိုဗစ်-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ရုရှားနိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် တွေ့ ဆုံခြင်း၊ ယင်းဌာနမှ ပေးအပ်သည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆုတံဆိပ်ကို လက်ခံခြင်းနှင့် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးတို့ကိုလည်း သီးခြား တွေ့ ဆုံခဲ့သည်။
You may also like these stories:
ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး
ဘိုကလေးမြို့နယ်တွင် ကလေးငယ်တဦး မိကျောင်းကိုက်ခံရ