နိုင်ငံ့ဝန်ထမ်းများအတွက် လစာ၏ ၂ လစာငွေအား အတိုးမဲ့ ကြိုတင်ထုတ်ချေးပေးမည့်အစီအစဉ်ကို အောက်တို ဘာ ၁ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများအားပြော သည်။
ထုတ်ချေးငွေအဖြစ် တနိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်း ၁၀၇,၇၄၉,၃ ဦးအတွက် ကျပ်ငွေ ၅၅၄.၉၇၃ ဘီလီယံအား လျာထားကြောင်းလည်းသိရသည်။
အဆိုပါ ချေးငွေအား ပြန်ဆပ်ရန် ဆိုင်းငံ့ကာလအဖြစ် ၆ လသတ်မှတ်ထားပြီး ယင်းနောက်ပိုင်းတွင် လအလိုက် ရာခိုင်းနှုန်းဖြင့်တွက်ချက်ကာ တနှစ်ပြည့်သည်အထိ လစာမှ ပြန်လည်ဖြတ်တောက်သွားမည်ဖြစ်သည်။
ယင်းချေးငွေ အစီအစဉ်တွင် တပ်မတော်သားများလည်း အပါအဝင်ဖြစ်ပြီး တပ်မတော်ဘက်က စာရင်းများ ပေးပို့ထားပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မတော်သားတွေ ဘယ်လောက်ရှိတယ်၊ နှစ်လစာဆိုရင် ဘယ်လောက်ရမယ်ဆိုတဲ့ စာရင်းတွေ ပြုစုပြီး ကာကွယ်ရေးဝန်ကြီးဌာနကို ပေးပို့ပြီးဖြစ်ပါတယ်၊ ကာကွယ်ရေးဝန်ကြီးဌာနက တဆင့် အစိုးရကို ပြန်ပို့ရမှာပေါ့”ဟု ပြောသည်။
ချေးငွေအစီအစဉ်မှာ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကူးစက်ရောဂါကြောင်း ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ အပေါ် ကုစားနိုင်ရေးအတွက် ယခုကဲ့သို့ ထုတ်ချေးခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဘက်က ပြောကြားထားသည်။
You may also like these stories:
ကိုဗစ်ကို ထိန်းချုပ်ဖို့ အင်အားအပြည့်ရှိဟု ရန်ကုန်တာဝန်ရှိသူများပြော
CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို
သတင်းသမား ၄ ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ ရှိ၊ ၇၀ ကျော် စောင့်ကြည့်ခံနေရ