မြန်မာနိုင်ငံမှာ ကိုဗစ် ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာတဲ့အတွက် နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ ဖြစ်နိုင်ပါ့မလားလို့ သံသယရှိကြောင်း လန်ဒန်အခြေစိုက် Financial Times သတင်းစာကြီးက ရေးသားဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရပါတီ NLD ဟာ အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ဖို့ အလားအလာ များနေ ကြောင်း ယင်းသတင်းစာကြီးက ဖော်ပြပြီး အခုလောလောဆယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်က မြန်နှုန်းများများနဲ့ ပြန့်ပွားနေတာကြောင့် မဲထည့်မည့်သူတွေ စိတ်ချလက်ချ မဲထွက်ပေးပါ့မလားဆိုတာကို လေ့လာသုံးသပ်သူတွေက မေးခွန်းထုတ်နေတယ်လို့လည်း ဆိုပါတယ်။
အစိုးရကတော့ ဆုံးဖြတ်ချက်အတိုင်း ကျင်းပမှာဖြစ်တယ်၊ ဒါပေမယ့် ဗိုင်းရပ်စ်က အခြေအနေတွေကို ထိန်းချုပ်ပါတယ် လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ International Crisis Group (ICG) ရဲ့ အကြံပေး Richard Horsey က သတင်းစာမှာ ပြောကြားထားပါတယ်။
ကူးစက်တဲ့ပိုး ကျ မသွားဘူးဆိုရင် လူတွေဟာ လုံခြုံစိတ်ချစွာနဲ့ ထွက်ပြီး မဲပေးမလားဆိုတာ တွေးဖို့ ခက်ပါတယ်လို့ ICG ရဲ့ အကြံပေးက ဆက်လက်ပြောဆိုထားပါတယ်။
ဒီနေ့အထိဆိုရင် ကိုဗစ်ပိုးကူးစက်ခံထားရသူပေါင်း ၇ ထောင်ကျော်သွားပြီဖြစ်ပြီး သေဆုံးသူပေါင်း ၁၃၀ ကျော်သွားပြီဖြစ်ပါတယ်။
Control Risks အဖွဲ့ကြီးမှာ အကြံပေးလုပ်ကိုင်သူ Dereck Aw ဆိုသူကတော့ ကူးစက်နှုန်း ဆက်ပြီး တက်နေမယ်ဆို ရင်၊ အထူးသဖြင့် NLD စိုးမိုးထားတဲ့ ရန်ကုန်လို နေရာမျိုးမှာ လူထုကျန်းမာရေး သဘောအရ NLD ဟာ ရွေးကောက်ပွဲကို ၂၀၂၁ အစောပိုင်းအထိ ရွှေ့ဆိုင်းရနိုင်တယ်လို့ Financial Times သတင်းစာကြီးကိုခန့်မှန်းပြောဆိုသွားပါတယ်။
You may also like these stories:
Stay at Home ကာလ အပြင်ထွက်လျှင် အရေးယူမည်ဆိုသည်မှာ မမှန်ဟု တိုင်းအစိုးရ ထုတ်ပြန်
Hotel Mandalay မှ အမျိုးသမီးဝန်ထမ်း ၂၃ ဦး ကိုဗစ်ပိုးကူးစက်ခံရ
ဧရာဝတီတိုင်း ခရိုင် ၆ ခု၌ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိရန် နေရာများတိုးချဲ့