သတင်းတို

ထိုင်းနိုင်ငံရှိ ဝင်းနှင့်ဇော်တို့အတွက် လိုအပ်ချက်များကို တပ်မတော် ကူမည်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၊ Bang Kwang အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂ ဦး ဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦး၏ နေရေး၊ စားရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို တပ်မ တော်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi အား နိုဝင်ဘာ ၄ ရက် က Video Teleconference(VTC) မှ တဆင့် တွေ့ဆုံ ဆွေးနွေးခဲ့စဉ် မြန်မာလုပ်သားနှစ်ဦးအတွက် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးကိစ္စများကို ကူညီပေးရန်လည်း မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

တပ်ချုပ်၏ မေတ္တာရပ်ခံချက်အရ ထိုင်းနိုင်ငံဘက်မှ ဝင်းနှင့် ဇော်တို့ကို ရိုက်ကူးထားသော ဗီဒီယိုရုပ်သံဖိုင်တခုကို ပြန်လည်ပေးပို့ခဲ့သည်။

ယင်းရုပ်သံဖိုင်တွင် ဝင်းနှင့်ဇော်တို့က မြန်မာနိုင်ငံရှိ မိဘများနှင့် အဆက်အသွယ် မရသလို ကိုဗစ်ကာလဖြစ်သည့်အတွက် မိဘများ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်းနှင့် ထောင်ကျနေစဉ် လေ့လာရန် မြန်မာနှင့် အင်္ဂလိပ်စာအုပ်များကို လိုချင်ကြောင်း ပြောကြားထားသည်ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခွင့်ရပါက မိဘဆွေမျိုးများနှင့် တွေ့ခွင့်ရမည်ဖြစ်ကြောင်းနှင့် လိုအပ် သည်များကို မေးမြန်းပေး၍ ကျေးဇူတင်ကြောင်း ပြောဆိုထားသည်ဟု သိရသည်။

တပ်မတော်အနေဖြင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှတစ်ဆင့် ၎င်းတို့နှစ်ဦး၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို တတ်နိုင်သရွေ့ ကူညီသွားမည်ဟု သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ စူရတ်ဌာနီ ခရိုင်၊ ကော့တောင် လိပ်ကျွန်း၌ ဗြိတိန် လူငယ်စုံတွဲ David miller နှင့် Hannah witheridge တို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ကို တရားစွဲဆို ကာ သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

​နောက်ပိုင်းတွင် အယူခံအဆင့်ဆင့် တင်သွင်းခဲ့ရာ ​သေဒဏ်ကို တသက်တကျွန်း ပြစ်ဒဏ်သို့ ​ပြောင်းလဲ​ပေးခဲ့သည်။

You may also like these stories:

တပ်မတော်သားများနှင့် မိသားစုဝင်များ လွတ်လပ်စွာ မဲပေးနိုင်ဟု တပ်ချုပ်ပြော

နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading