သတင်းတို

လူထုရဲ့ ယုံကြည်မှုရခဲ့တဲ့ အပေါ် ဂုဏ်ယူကြောင်း သမ္မတလောင်း Joe Biden ပြော

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သမ္မတရေးကောက်ပွဲမှာ Joe Biden (ဂျိုးဘိုင်ဒင်) က လက်ရှိသမ္မတ Donald Trump (ဒေါ်နယ်ထရမ့်) ကို အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒင် က သူ့အနေနဲ့ အမေရိကန်လူမျိုးတွေရဲ့ ယုံကြည်မှုကို ခံရတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ မိမိကိုယ်ကို နှိမ့်ချမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“ကျနော်တို့ဟာ အမေရိကန်ပြည်ထောင်စု ဖြစ်ပါတယ်။ ကျနော်တို့ အတူတူလက်တွဲ လုပ်ကိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” လို့ သမ္မတလောင်း ဂျိုးဘိုင်ဒင် က သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Joe Biden ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဒုတိယသမ္မတလောင်းဟာ အမျိုးသမီးပဲဖြစ်ပါတယ်။ သူမရဲ့ အမည်က Kamala Harris ဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်က Senator ဖြစ်ပါတယ်။

သူမဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။ သူမဟာ ၅၆ နှစ်ရှိပြီဖြစ်ပြီး သမတလောင်း Joe Biden ကတော့ ၇၈ ရှိခဲ့ပြီဖြစ်ပါတယ်။

Kamala Harris ရဲ့ အဖေက Jamaican လူမျိုးဖြစ်ပြီး အမေကတော့ အိန္ဒိယလူမျိုးဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ကြေငြာချိန်မှာ သမ္မတထရမ့်က ဂေါက်ကွင်းထဲမှာ ဂေါက်ရိုက်နေချိန်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်ကတော့ သူဟာ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံမှာမဟုတ်ဘူး။ တရားရုံးတော်ကို တိုင်ကြားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

You may also like these stories:

ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ထရမ့် လက်မခံရင် ဘာဖြစ်မလဲ

ဘိုင်ဒင်က ထရမ့်ကို ဂျော်ဂျီယာမှာ ကျော်တက်ပြီ

ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်သည့် ပါတီနှင့် လက်တွဲမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading