သတင်းတို

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု အမြင့်ဆုံးပြစ်ဒဏ်ချ

နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် ချုပ်ရက်ခံစားခွင့်မရှိဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျခံစေရန် ချမ်းအေးသာစံမြို့နယ် တရားရုံးက ယနေ့အမိန့်ချမှတ်လိုက်သည်။

၁၉၉၈ ခုနှစ် ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရသည် ဦးကျော်မြင့်သည် တနှစ်ခန့်အကြာ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလတွင် မန္တလေးထောင်မှ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ညက ရန်ကုန်မြို့တွင် ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ယနေ့ချမှတ်လိုက်သည့် ပြစ်ဒဏ်အပြင် ယခင်ပြစ်မှုကြွေးကျန်များလည်း ကျခံရမည်ဖြစ်သည်။

ယင်းအပြင် ၎င်းအား လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုထားမှုကိုလည်း လာမည့် နိုဝင်ဘာ ၂၅ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်မတင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၂၂၄ ဖြင့် ပြစ်မှုထင်ရှားပါက ကျူးလွန်သူအား ၂ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်ချမှတ်ရမည်ဖြစ်ဟု ပြဌာန်းထားပြီး ကျူးလွန်သူအနေဖြင့် ပြစ်မှုကြွေးကျန်များ လည်း ကျခံရမည်ဖြစ်သည်။

You may also like these stories:

နှင်းဆီပါတီ ဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်၏ အရှုပ်တော်ပုံ

နှင်းဆီပါတီ ဦးကျော်မြင့်အား ထောင်ပြေးမှုဖြင့် အပြီးသတ်အမိန့်ချတော့မည်

နှင်းဆီပါတီ ဥက္ကဋ္ဌ အား ပုဒ်မထပ်တိုးအရေးယူ၊ ငွေကြေးခဝါချမှုဖြင့်ပါ ဆက်တရားစွဲဖွယ်ရှိ

Loading