ကိုဗစ်ရောဂါ ကုသရေးအတွက် ကျန်းမာရေး ဝန်ထမ်းအင်အား လုံလောက်စေရန် ထပ်မံ ဖြည့်တင်းမည် ဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
အဆိုပါ အစီအစဉ်အရ သင်တန်းပေးပြီးသား သူနာပြုအကူများကို ထပ်မံ ခန့်ထားခြင်း၊ သင်တန်း ထပ်မံပေးခြင်း၊ Volunteer များကို သင်တန်းပေးခြင်းတို့အပြင် သင်တန်းဆင်းလာမည့် ဆရာဝန်များ၊ အထူးကုများကိုလည်း ကိုဗစ်ကုသ ရေးတွင် အသုံးပြုသွားမည် ဖြစ်သည်။
ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးက “ဆရာဝန် အင်အား၊ သူနာပြုအင်အား၊ အထူးကု အင်အား ပိုရရှိဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ယခင် သင်တန်းများက နှစ်ကုန်တဲ့အတွက် သင်တန်း ပြီးဆုံးမှာ ဖြစ်ပါတယ်။ သူတို့ကို ကျောင်းဘယ်တုန်းကမှ မပိတ်ခဲ့ဘူး။ ထို သူများကို စာမေးပွဲ စစ်ပြီးတော့ ဘွဲ့ရမှာ ဖြစ်ပါတယ်။ ဒီအင်အားတွေကို ပိုမိုပြီးတော့ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
“ယခင်တုန်းက သင်တန်း ပို့ချထားတဲ့ သူနာပြုအကူများကိုလည်း ယခုအခါ ပိုမိုခန့်ထားပြီး ကိုဗစ်ကုသရေးမှာ ပါဝင်နိုင် အောင် ဆောင်ရွက်လျက် ရှိပါတယ်။ ကျနော်တို့မှာ အဲဒီလို သင်တန်းပေးပြီးသား လူ ၅၀၀ ကျော် ရှိပါတယ်။ ယခုအခါ မှာလည်း ထပ်မံပြီး ပေးဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုကဲ့သို့ လူအင်အား ဖြည့်တင်းခြင်းအပြင် ကိုဗစ်အဖြစ်များဆုံး ဒေသဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံကြီးများ တွင် အောက်ဆီဂျင်ပွိုင့်များကို ထပ်မံတိုးချဲ့တပ်ဆင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
ထို့ပြင် မြို့နယ်ဆေးရုံများကိုလည်း ကိုဗစ်ကာကွယ်ရေး ထိန်းချုပ်ကုသရေးအတွက် အဆင့်မြှင့်တင်နိုင်ရန်လည်း စီစဉ် ဆောင်ရွက်လျက် ရှိသည်။
ဒေါက်တာ ဇော်ဝေစိုးက “မြို့နယ် ဆေးရုံများကို ပြည်သူလူထု အခြေပြု ကိုဗစ်ကာကွယ်ရေး ထိန်းချုပ်ကုသရေးနဲ့ အညီ ပြုပြင်ပြောင်းလဲလျက် ရှိပါတယ်။ ယခု ပြုပြင်မှုများ ပေါင်းစပ်မယ်ဆိုရင် ကျနော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ ကုသမှုကိုပေး နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မတ်လ၂၃ ရက်မှ နိုဝင်ဘာလ ၂၄ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၂,၂၃၆ ဦး ရှိ နေပြီဖြစ်ကာ သေဆုံးသူ ၁,၇၈၄ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၆၀,၉၆၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ဝန်ကြီးချုပ်နေရာမျိုး တိုင်းရင်းသားပါတီတွေ ပေးမယ်ဆိုရင် NLD အပေါ် ယုံကြည်လာလိမ့်မယ်
ကိုဗစ်ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးပေးရန်ပြင်ဆင်