ခရီးသွားလုပ်ငန်း အခြေပြု ဟိုတယ်လုပ်ငန်းစုတခုဖြစ်သည့် AMATA အများပိုင်ကုမ္ပဏီကို ရန်ကုန်စတော့အိတ်ချိန်း၏ ၇ ခု မြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် စတော့အိတ်ချိန်းသည် Amata Holding Public ကုမ္ပဏီလီမီတက်မှ တင်ပြလာသည့် လျှောက်လွှာများကို စိစစ်ခြင်းနှင့် စာရင်းဝင်စစ်ဆေးခြင်းများ လုပ်ဆောင်ပြီးနောက် ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်း ဝယ်ရေးဥပဒေနှင့် ငွေချေးသက်သေခံလက်မှတ်များ စာရင်းဝင်ခြင်းဆိုင်ရာ လုပ်ငန်းစည်းမျဉ်းများနှင့်အညီ ဒီဇင်ဘာ လ၂၈ ရက်တွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန် ချက်အရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက “ထုတ်ပြန်ချက်ကို စောင့်နေရသေး တော့ လာမယ့် ဇန်နဝါရီ ဖြစ်ဖြစ် ဖေဖော်ဝါရီဖြစ်ဖြစ်မှာ စာရင်းဝင်မှာပါ” ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကုမ္ပဏီအနေဖြင့် ၎င်း၏ ခရီးသွားလုပ်ငန်းအခြေပြု ဟိုတယ်လုပ်ငန်းများကို တိုးချဲ့ လုပ်ဆောင်ရာတွင် လို အပ်လာမည့် အရင်းအနှီးရရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက် လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
AMATA ဟိုတယ် လုပ်ငန်းစုသည် မြန်မာနိုင်ငံ၏ အဓိက ခရီးသွား ဒေသများဖြစ်သည့် ရှေးဟောင်းပုဂံယဉ်ကျေးမှု ဒေ သ၊ အင်းလေးနှင့် ရှမ်းပြည်နယ် အပါအဝင် ငပလီကမ်းခြေတို့တွင် ဟိုတယ်လုပ်ငန်းများနှင့် Myanmar Oriental Ballooning မီးပုံးပျံ ပျံသန်းခြင်း လုပ်ငန်းများအပြင် အခြား ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများကို လုပ် ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။
ထို့ပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာ ရောင်း ချခြင်းလုပ်ငန်း၊ လေယာဉ်ပျံဖြင့် Sightseeing ကြည့်ရှုခြင်း ခရီးစဉ်များကို တိုးချဲ့လုပ်ကိုင်ရန် ပြင်ဆင်နေသလို
မြို့ကြီးတချို့တွင် တန်ဖိုးနည်း ဟိုတယ်များ (Budget Hotels) ထပ်မံ တည်ဆောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည့် ကုမ္ပဏီလည်း ဖြစ်သည်။
ပြီးခဲ့သည့်၂၀၁၈ ခုနှစ်၌ ထိုကုမ္ပဏီသည် အများပြည်သူများသို့ ကမ်းလှမ်းရောင်းချသော အစုရှယ်ယာပေါင်း၂၀၀၀၀ ၀၀ ကို ရှယ်ယာတစုလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချခဲ့သေးသည်။
လက်ရှိအချိန်တွင် ရန်ကုန် စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီ၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ၊ မြန်မာနိုင်ငံသားများဘဏ် (MCB) ၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) ၊ TMH တယ်လီကွန်း အများပိုင် ကုမ္ပဏီနှင့် Ever Flow River (EFR) အများပိုင်ကုမ္ပဏီတို့က စာရင်းဝင်ကုမ္ပဏီများအဖြစ် ရှယ်ယာများအရောင်း အဝယ် လုပ်ဆောင်လျက် ရှိသည်။
You may also like these stories:
ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး အတွက် စတော့အိတ်ချိန်းသို့ ဝင်ခြင်းဖြစ်ဟု EFR ဆို