ဒုတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကူးစက်မြန် ကိုဗစ်- ၁၉ ရောဂါဘေး ဟုဆိုကာ ခေါ်ယူထားသော လွှတ် တော် အစည်းအဝေးကို ယနေ့ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က “ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုက မလျော့သေးဘူး။ အထူးသဖြင့် ပုသိမ်နဲ့ ဟင်္သာတမြို့တွေပေါ့။ အဲဒီတော့ ရောဂါဘေးကြောင့်ရယ်၊ တတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ခေါ်ယူဖို့ကလည်း အချိန်ကပ်နေပြီး ပြင်ဆင်စရာတွေ ရှိတဲ့အတွက် အခုလို ပယ် ဖျက်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော် အစည်းအဝေးမှာ ဆောင်ရွက်မယ့် ကိစ္စတွေကိုတော့ မှတ်တမ်း အဖြစ် ထားရှိသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့ ဝန်ကြီးများအိမ်ရာ အနီးရှိ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ခန်းမဆောင် အသစ်ကို ဇန်နဝါရီလ ၈ ရက် က ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်၏ ၂၅ ကြိမ်မြောက် လွှတ်တော်ပုံမှန် အစည်းအဝေးကို ဇန် နဝါရီလ ၁၄ ရက်တွင် အဆိုပါ အဆောက်အအုံအသစ်၌ ကျင်းပသွားရန် စီစဉ်ခဲ့သော်လည်း ဧရာဝတီတိုင်း လွှတ် တော်က အကြောင်းပြချက် ၂ ရပ်ဖြင့် အစည်းအဝေးကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းလွှတ်တော် တိုင်းရင်းသားလူမျိုးများရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသော်ဇင်ဝင်းက “ကျနော်တို့က တော့ လွှတ်တော် ကော်မတီ အစည်းအဝေးတွေကို မူလအစီအစဉ်အတိုင်း ဆက်လုပ်ပြီး အစီရင်ခံစာ တင်သွင်းဖို့ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ တင်သွင်းတဲ့အစီရင်ခံစာတွေကလည်း လွှတ်တော်အစည်းအဝေးမှာ မှတ်တမ်း အဖြစ် ထားရှိသွားမယ်လို့ သိရပါတယ်” ဟု ပြောသည်။
၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် သက်တမ်းမှာ
ပြီးခဲ့သည့်၂၀၂၀ စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်း အဝေးတွင် ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက် လာမည့် တတိယအကြိမ်မြောက် ဧရာ ဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ခေါ်ယူကျင်းပရန် စီစဉ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ဇန်နဝါရီလ ၁၁ ရက်အထိ စာရင်းအရ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၅၀၀၉ ဦး ရှိခဲ့ပြီး ၎င်းတို့ အနက် လူနာ ၄၅ ဦးမှာ သေဆုံးခဲ့ကာ၊ လူနာ ၄၅၄၁ ဦးမှ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး လက်ရှိ တွင် တိုင်းအတွင်းရှိ ဆေးရုံများ၌ ကိုှဗစ်အတည်ပြုလူနာ ၄၂၃ ဦးမှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန စာရင်းအရ သိရသည်။
You may also like these stories:
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ပြည်သူများ စိတ်ဝင်စားဖို့ သမ္မတရုံး တိုက်တွန်း
ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများကို ကိုဗစ် ဗီဇပြောင်းပိုး ရှိ/ မရှိ စစ်ဆေး
ကြံ့ခိုင်ရေး၏ လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရေး ကြိုးပမ်းမှု တပ်မတော် ပူးပေါင်းမည်