ယခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် တပ်မတော်နေ့ကို ကိုဗစ်ကာလ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်က မကျင်းပဖြစ်ခဲ့သည့် ၇၅ နှစ်မြောက် တပ်မတော်နေ့ကိုလည်း ယခုနှစ်တွင် ပူးပေါင်း ကျင်းပမည်ဟု တပ်မ တော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“ကိုဗစ် – 19 အခြေအနေနဲ့ ကိုဗစ် – 19 စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ဖြစ်မယ်။ ဘယ်လို ပုံစံနဲ့ ဘယ်နေရာမှာ လုပ်ဖြစ် မလဲဆိုတာတော့ အသေးစိတ် မပြောနိုင်သေးဘူး။ ဒါပေမယ့် တပ်မတော်နေ့ လုပ်ပါမယ်။ လာမယ့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့ အခမ်းအနား ကျင်းပဖို့ ရှိပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျရောက်သည့် နေပြည်တော်တွင် ကျင်းပခဲ့သော ၇၄ နှစ်မြောက် တပ်မတော်နေ့ စစ် ရေးပြ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ကျန်းမာရေး အခြေအနေ အရ တက်ရောက်နိုင်ခြင်း မရှိဘဲ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကိုယ်စား တက်ရောက်ခဲ့သည်။
နှစ်စဉ် မတ်လ ၂၇ ရက်နေ့ ရောက်တိုင်း တပ်မတော်နေ့အဖြစ် နှစ်စဉ် တပ်မတော်က ဦးဆောင် ကျင်းပခဲ့သော်လည်း ပြီးခဲ့ သည့်နှစ်က ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် ၇၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ယာယီ ရပ်ဆိုင်းထားခဲ့ရသည်။
You may also like these stories:
နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်
တပ်မတော်က အဂတိ လိုက်စားကြောင်း သမ္မတထံစာပို့သည့် NLD အမတ် တရားစွဲခံရ
ရခိုင်စစ်မျက်နှာတွင် အသေခံတိုက်ခဲ့သည့် ရဲဘော်သက်ရှည် “သူရဘွဲ့” ချီးမြှင့်ခံရ