• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အဓမ္မကျင့်သည်ဆိုသော ထိုင်းရဲကို ထိရောက်စွာ ပြစ်ဒဏ်ပေးရေး မြန်မာသံအမတ်တိုက်တွန်း

by သဇင်လှိုင်
20 January 2021
in သတင်းတို
A A
ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် CCTV ကင်မရာတွင် တွေ့မြင်ရသော ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်က မြန်မာအမျိုးသမီးကို ညအချိန် အချုပ်မှ ခေါ်ထုတ်စဉ် / Khaosad

ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် CCTV ကင်မရာတွင် တွေ့မြင်ရသော ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်က မြန်မာအမျိုးသမီးကို ညအချိန် အချုပ်မှ ခေါ်ထုတ်စဉ် / Khaosad

16.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ် ကော့စမွေကျွန်း ဘိုဖွတ်ရဲစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားခံရသည့် ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်အား ထိရောက်သော ပြစ်ဒဏ်ပေးရေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Police Colonel Kissana Phathanacharoen ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက် က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်၍ ရှင်းလင်းပြောကြားစဉ် မြန်မာသံအမတ်ကြီးက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
378
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
930
တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

5 July 2025
7.2k

ထို့အတွက် ပြစ်မှုကျူးလွန်သူအား ထိရောက်သော ပြစ်ဒဏ်ပေးရေးဖြစ်ပြီး ယင်းကဲ့သို့ ပြစ်မှု အလွယ်တကူ ကျူးလွန်နိုင် အောင် အခွင့် အရေးပေးသူ၊ အားပေးအားမြှောက်ကြသူများကိုပါ ဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူဆောင်ရွက်ရန် လိုမည်ဟု ယူဆကြောင်း သံအမတ်ကြီးကဆိုသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ သက်ဆိုင်ရာရှေ့နေများ၊ ဥပဒေပညာရှင်များနှင့်လည်း ဆက်သွယ်၍ အကြံဉာဏ်ရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားခံအား ၁ လပိုင်း ၁၄ ရက်တွင် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ပီး အဓမ္မပြုကျင့်မှု ပုဒ်မ ၂၇၆ ၊ တာဝန်ဝတ္တရား ပျက်ကွက်မှု ပုဒ်မ ၁၅၇ ၊ အချုပ်ခန်း တံခါးအား အမိန့်မပါဘဲ ဖွင့်ခြင်း ပုဒ်မ ၂၀၄ စသည့် ပုဒ်မများဖြင့် တရားစွဲထားပါကြောင်း အမှုစစ်ဆေးစဉ် ပြစ်မှုထပ်မံတွေ့ရှိပါက စွဲချက် ဖြည့်စွက်၍ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြော ကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ပြောခွင့်ရသူ Police Colonel Kissana Phathanacharoen လာရောက်တွေ့ဆုံစဉ်

လက်ရှိတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံ အကြီးအကဲများမှလည်း ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်ရန် မှာကြားထားကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောကြားချက်အရ သိရသည်။

အရေးယူမှုများအပြင် ကျူးလွန်ခံရသူ အမျိုးသမီးအတွက် စိတ်ရော ကိုယ်ပါလုံခြုံမှု တို့ကို ရှိစေ၍ ထိခိုက်ခံစားရမှုကို ကုစားဖြည့်ဆည်းပေးရန် လိုအပ်ကြောင်းလည်း မြန်မာသံရုံးဘက်က ပြောကြားခဲ့သည်။

ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်သည် ယင်း မြန်မာအမျိုးသမီးအား ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့က ညဘက်အချိန် အချုပ်မှ ခေါ် ထုတ်သွားကာ နံနက်စောစောတွင် ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို ကျန်အချုပ်သားများမှ တွေ့မြင်ပြီးနောက် အဆို ပါ အမျိုးသမီးကို မေးမြန်းကာ နောက်တနေ့ အချုပ်သို့ အထက်အရာရှိ လာရောက် စစ်ဆေးစဉ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ အမျိုးသမီး၏ မိသားစုမှ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ တိုင်ကြားသဖြင့်၊ ယင်း ရဲ ဒုတပ်ကြပ်ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်အား တရားရုံးက ဘတ် ၄ သိန်း တန် အာမခံ ပေးထားကြောင်း သိရသည်။

You may also like these story:

မြန်မာအမျိုးသမီးကို အဓမ္မကျင့်မှုဖြင့် တိုင်ကြားခံရသည့် ထိုင်းရဲ အာမခံရ

Your Thoughts …
Tags: ထိုင်းရဲမြန်မာအမျိုးသမီး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

by ဧရာဝတီ
9 March 2024
1.3k

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တကမ္ဘာလုံးတွင် သောကြာနေ့က ကျင်းပစဉ် မြန်မာ အမျိုးသမီး ၄၀၀၀ နီးပါးသည် စစ်ကောင်စီ၏ထောင်များ၊ ရဲအချုပ်များနှင့် စစ်တပ် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီးခံထားရသည်။

အိန္ဒိယထောင်၌ အစာငတ်ခံဆန္ဒပြ မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ

အိန္ဒိယထောင်၌ အစာငတ်ခံဆန္ဒပြ မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ

by ဧရာဝတီ
22 December 2023
1k

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်တွင် ပြစ်ဒဏ်စေ့သော်လည်း လွှတ်မပေးသဖြင့် အစာငတ်ခံဆန္ဒပြတောင်း ဆိုသော မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရပြီး ယနေ့အချိန်ထိ အာဏာပိုင်များက ပြန်မလွှတ်ပေးသေးကြောင်း ၎င်းတို့၏ မိသားစုဝင်တဦးများထံမှ သိရသည်။

အသက် ၃၃ နှစ်အရွယ် ဟွောင်ဖျောင်ယုံကို တနင်္ဂနွေနေ့က ဘန်ကောက်ရှိ  ဘန်ခန်ခရိုင် ရန်အင်ထရာလမ်းမှ ကားရပ်နားသည့် နေရာတွင် ဖမ်းဆီးလိုက်သည် / Bangkok Post

ရွှေကုက္ကိုလ်နှင့် ပတ်သက်သော လက်ဝှေ့ရုံပိုင်ရှင် တရုတ်တဦးကို ထိုင်းရဲဖမ်း

by ဧရာဝတီ
1 November 2022
3.9k

မြဝတီအခြေစိုက် ငွေကြေးလိမ်လည်မှုဂိုဏ်းတွင် ပါဝင်ပြီး ထိုင်းနိုင်ငံသားများကို ထောင်ဖမ်းသည့် စွပ်စွဲချက်ဖြင့် တရုတ်နိုင်ငံသား တဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

၂၀၂၀ ဇူလိုင်လအတွင်း စန်ခလပူရီမြို့နယ်ကို ခိုးဝင်လာသော မြန်မာများအား ထိုင်းရဲက ဖမ်းထားစဉ်/ Piyarat Chongcharoen / Bangkok Post

မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ

by ဧရာဝတီ
16 January 2021
9.3k

အမှုများတွင် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၃၃ ဦးပါဝင်ပတ်သက်နေကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗ်ိုလ်ချုပ် ဒမ်ရောင်ဆက် ကစ်တီပရာပက် ပြောပြီး စွပ်စွဲခံရသူများတွင် ပြန်တမ်းဝင်အရာရှိ မဟုတ်သူများ၊ ပြန်တမ်းဝင်အရာရှိများနှင့် ဒုတပ်ဖွဲ့မှူးအထိ ပါဝင်ကြောင်း ပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တန်းစီနေကြသူများ

အရှေ့အလယ်ပိုင်း နိုင်ငံများရောက် မြန်မာအလုပ်သမများ အခက်အခဲကြုံ

by ဧရာဝတီ
20 October 2022
2.3k

ယခုနှစ်ပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် ငွေကြိုပေးစရာမလိုဘဲ လုပ်ခ လစာ ကျပ် ၁၀သိန်း ဝန်းကျင်ရရှိမည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်မှုများ မြင့်တက်လာသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့် တရုတ်နိုင်ငံသား ချိရှောင်ချန်း  / ဧရာဝတီ

ဘဝကို ကုန်ပစ္စည်းသဖွယ် တရုတ်လက်ထဲ ထိုးအပ်ခံနေရတဲ့ အမျိုးသမီးလေးများ

by ထက်ခေါင်လင်း
10 April 2019
48.1k

အစကတော့ ဟိုမှာ ကောင်းကောင်း မွန်မွန်နေရမယ်၊ သူ့ကိုတင်တောင်းတဲ့ငွေ ကျပ်သိန်း ၅၀ ကလည်း အိုးပိုင်အိမ်ပိုင် မရှိတဲ့ သူ့မိဘတွေ အတွက် အဆင်ပြေစေမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ လက်ခံလိုက်တာ၊

Next Post
၂၀၂၀ ခုနှစ် ဇွန်လအတွင်းက ဘုရားစေတီ အဆူ ၃၀ကျော် ဖောက်ထွင်းခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ချထားကာ ဆောင်ရွက်နေပုံ / ဇော်ဇော် / ဧရာဝတီ

တားမြစ်ထားသော်လည်း ပုဂံအမွေအနှစ်ဇုန်အတွင်း တိုးချဲ့ဆောက်လုပ်မှုများ ရှိနေ

ဒါရိုက်တာ ပွင့်သိင်္ဂီဇော်  / Pwint Theingi Zaw's Facebook

“အနုပညာမှာ စည်းတွေဘောင်တွေ မရှိသင့်ဘူး”လို့ ပွင့်သိင်္ဂီဇော် ဆို

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.5k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate