ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေပန်းခြံရှေ့တွင် NLD ထောက်ခံသူတချို့က ပြည်သူများကို လူစုလူဝေး မလုပ်ရန်နှင့် နိုင်ငံရေး ထောင်ချောက်အတွင်းသို့ မဝင်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်လျက် ရှိသည်။
ပြည်သူလူထုအနေဖြင့် နေအိမ်တွင်သာ သတင်းများကို နားစွင့်နေရန် လူစုလူဝေးဖြင့် ဆူပူအုံကြွမှုများတွင် မပါဝင်ကြရန်လည်း ဟောပြောခဲ့ကြသည်။
“ပြည်သူတရပ်လုံးက ထောက်ခံထားတဲ့ အစိုးရပါ။ ဒါနိုင်ငံရေး ဓားပြတိုက်ခံရတာ။ ဒါပေမယ့် နိုင်ငံရေး ထောက်ချောက်ထဲ အကျမခံပါနဲ့” ဟု ဟောပြောသူတဦးက ပြောသည်။
ယနေ့ မနက်ပိုင်းကလည်း NLD ပါတီ ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ မျိုးညွန့်ကို မေးမြန်းရာတွင် ပြည်သူများ စိတ်လိုက်မာန်ပါ မတုံ့ပြန်ရန်နှင့် ဥပဒေနှင့်အညီ တုံ့ပြန်ကြရန် ပြောကြားသွားသည်။
လက်ရှိ အစိုးရအဖွဲ့အား အာဏာသိမ်းဖမ်းဆီးမှုတွင် NLD နှင့် အစိုးရခေါင်းဆောင်များ သာမက ၈၈ မျိုးဆက် နိုင်ငံရေး အင်အားစုများနှင့် ကျောင်းသား အင်အားစုများကိုပါ၊ NLD ဝန်းရံသူများကိုပါ ဖမ်းဆီးထိန်းသိမ်းနေခြင်း ဖြစ်ကြောင်း ကာယကံရှင်များက လူမှုကွန်ရက်ကတဆင့် အသိပေး ပြောကြားထားကြသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို