မြန်မာဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမား ၁၀၀၀ ခန့်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့၌ လူထုအာဏာဖီဆန်ရေး လှုပ်ရှား မှု (CDM) တွင် ပါဝင်လာပြီ ဖြစ်ကြောင်း သိရသည်။
ယင်းကုမ္ပဏီမှ မြန်မာဝန်ထမ်း တဦးက “ကြေးပြားထုတ်တဲ့ နေရာမှာ တရုတ်တွေ ကိုယ်တိုင် လုပ်နေတာပါ။ မြန်မာ ၁၂၀၀ လောက်မှာ ၁၀၀၀ လောက်က CDM လုပ်ကြမှာပါ။ CDM စတင် ဖော်ဆောင်တာကတော့ ၆ ရက်နေ့ကတည်းကပါ။ ဒီနေ့ ကတော့ တနိုင်ငံလုံးက နိုင်ငံ့ဝန်ထမ်းတွေနဲ့အတူ CDM ကို ဖော်ဆောင်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” ဟု ပြော သည်။
၎င်းတို့၏ CDM လှုပ်ရှားမှုကို ရက်အကန့်အသတ်မရှိ ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
Myanmar Wanbao Mining Copper Company Ltd ကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တ ရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၀ မေလတွင် တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ လက်ပံတောင်း တောင် ကြေးနီတူးဖော်ရေး စီမံကိန်းကို အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။
You may also like these stories:
အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွေ့ပြောင်း
ANP ပါတီ ကောင်စီတွင် ပါဝင်ခြင်းမပြုရန် ရခိုင်အရပ်ဘက်အဖွဲ့ ၄၀ ကျော် တိုက်တွန်း
အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းလိုက်သည့် ပါတီများ ဝေဖန်ခံနေရ