သတင်းတို

စစ်ကောင်စီက မြစ်ဆုံဧရိယာကို ပုဒ်မ ၁၄၄ သက်တမ်းထပ်တိုး

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့နယ်အတွင်းရှိ မြစ်ဆုံစီမံကိန်း ဧရိယာနယ်မြေအား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြီး အဝင်အထွက် မလုပ်ရ အမိန့် ပုဒ်မ ၁၄၄ သက်တမ်းကို အာဏာသိမ်း စစ်ကောင်စီက ထပ်မံတိုးမြှင့်လိုက်သည်။

မတ်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းအမိန့်သည် ၂၀၂၁ မတ်လ ၁ ရက်နေ့မှ ၂၀၂၁ ဧပြီ ၃၀ ရက်နေ့အထိ အတည် ဖြစ်ကြောင်း ဖော်ပြထားသည်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဧရိယာသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် တလျှောက်လုံးတွင် ဒေသခံများ မဖြတ်သန်းရသည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေ ဖြစ်သည်။

မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်လုရာက “ပုဒ်မ ၁၄၄ က ဦးသိန်းစိန် လက်ထက်ကတည်းက အဆက်ဆက် ထုတ်နေတာဆိုတော့ ကျမတို့အတွက်က ဘာမှ ထူးခြားမှုမရှိဘူး။ ဒါပေမယ့် ဦးသိန်းစိန်ခေတ်က ဗိုလ်ချုပ် စိုးဝင်းဆိုသူက ရေမဝပ်သရွေ့ ဒေသခံတွေ ဒီမှာ ပြန်လုပ်စားလို့ ရတယ်ဆိုလို့ ကျမတို့ အပင်နည်းနည်းစိုက်တာ ရှိတယ်။ အခု စစ်ကောင်စီက သတ်တမ်းထပ်တိုးတာကျ ကျမတို့က သူတို့ကို အစိုးရအဖြစ် အသိအမှတ်မပြုဘူးလေ။ သူတို့က အာ ဏာကို သိမ်းယူထားတာပဲ။ ဒီတော့ အဲဒီထုတ်ပြန်ချက်ကိုလည်း အစိုးရတခုက ထုတ်တယ်လို့ အသိအမှတ် မပြုပါဘူး” ဟု ပြောသည်။

အဆိုပါ သက်တမ်း ထပ်တိုးသည့် ထုတ်ပြန်ချက်ကို စစ်ကောင်စီ၏ မြစ်ကြီးနားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် မြစ်ဆုံစီမံကိန်းမှာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသော်လည်း စီမံကိန်းဧရိယာ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားချက်မှာ ယခင် အစိုးရအဆက်ဆက်က ကန့်သတ်နယ်မြေ ထုတ်ပြန်ခဲ့သည့် ဧရိ ယာများဖြစ်သော မေခနှင့် မလိခ မြစ်ဆုံ၊ ဧရာဝတီမြစ်အစပိုင်းမှ မေခမြစ်တလျှောက်၊ မေခမြစ် လက်ယာဘက်ခြမ်း၊ ဧရာ ဝတီမြစ် ဝဲဘက်ခြမ်း (အရှေ့ဘက်ကမ်း) တလျှောက်၊ ဧရာဝတီမြစ် လက်ယာဘက်ကမ်း (အနောက်ဘက်ကမ်း) တလျှောက်တို့ ဖြစ်ကြောင်း မြေပုံအမှတ်အသားများဖြင့် ထုတ်ပြန်ထားသည်။

ပုဒ်မ ၁၄၄ အရ လုံခြုံရေးဆိုင်ရာ လုပ်ကိုင်သူများမှအပ မည်သူမှ ဝင်ထွက်သွားလာခြင်း မရှိသည့်အပြင် သွားလာမိ၍ ဖမ်းဆီးခံရပါကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခံရမည် ဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ သည် ပုဒ်မ ၁၄၄ ကို ချိုးဖောက်ပါက တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်ပြီး တရားရုံးမှ ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ပါက ၆ လ အထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ၁ သိန်း ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကို ဖြစ်စေ ချမှတ်နိုင်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူလိုက်ပြီးနောက် ယင်းဖြစ်ရပ်များ၏ နောက်ကွယ်တွင် အိမ်နီးချင်းတရုတ်နိုင်ငံ၏ ထောက်ပံ့မှုများ ရှိသည်ဟု ယုံကြည်နေသော မြန်မာပြည် သူလူထုက စစ်ကောင်စီ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည် အသက်သွင်းမည်ကို စိုးရိမ်လျက် ရှိသည်။

You may also like these stories:

မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းဖို့ ကျနော်တို့ ကြိုးစားမယ်

မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာတယ်

တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading