မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြည်တွင်း ပုဂ္ဂလိကဘဏ်များကို မတ်လ ၈ ရက်၌ ပြန်ဖွင့်ရန်နှင့် မဖွင့်လှစ်ပါက အရေးယူမည် ဆိုသော်လည်း ယနေ့တွင် ပုဂ္ဂလိကဘဏ်များ ပြန်လည် ဖွင့်လှစ်ခြင်း မရှိကြသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်က နိုင်ငံစီးပွားရေးနှင့် ငွေကြေးလည်ပတ်စီးဆင်းမှုအတွက် ဘဏ်များ၏ အခန်းကဏ္ဍမှာ အရေး ကြီးပါသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လိုအပ်ပါက လုံခြုံရေး အစီအစဉ်ရယူကာ ဘဏ်ခွဲများ အမြန်ဆုံး ဖွင့် လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
တပ်မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် Civil Disobedience Movement တွင် အစိုးရ ဝန်ထမ်းများ ပါဝင်လာ ကြသည်ကို ထောက်ခံသည့်အနေဖြင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ဝန်ထမ်းများပါ ပါဝင်လာ၍ ဘဏ်လုပ်ငန်းများသည် ဖေဖော်ဝါရီလ ၈ ရက်က စတင်ပြီး ယနေ့အချိန်အထိ ရက်အကန့် အသတ်မရှိ ယာယီ ပိတ်ထားကြသည်။
စစ်တပ်ပိုင်ဘဏ်ဖြစ်သော မြဝတီဘဏ်ခွဲတချို့ သာ ယနေ့တွင် ဖွင့်လှစ်ထားကာ တရက်လျှင် လူ၂၀ သာ တုံကင် စနစ်ဖြင့် ငွေထုတ်ခွင့်ပေးထားပြီး တဦးလျှင် ငွေကျပ် ၅ သိန်းသာ ထုတ်ယူနိုင်ကြောင်း မြဝတီဘဏ်ခွဲတခုက သိရသည်။
You may also like these stories:
ပြည်တွင်းပြည်ပ ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ရှုတ်ချ
ဘဏ်များတွင် ထုတ်ယူ ငွေပမာဏ ဗဟိုဘဏ် ကန့်သတ်ပြီ