အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ယူနစ်အားလုံးအတွက် ဝန်ဆောင်ခကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ခြွင်းချက် မရှိ ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရက ယနေ့ (မတ် ၁၈ ရက်) ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက် သည်။
လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးအပြင်၊ အာဏာသိမ်း စစ်အုပ်စု၏ အဆင်အခြင်မဲ့ လုပ်ရပ်များ ကြောင့် ပြည်သူများ နေ့စဉ်နှင့်အမျှ စိတ်ရောကိုယ်ပါ အတိဒုက္ခ ရောက်နေကြရသည့်အပြင် လူမှုစီးပွားဘဝများ အကျပ် အတည်း ရင်ဆိုင်နေရသည့်ကာလ ဖြစ်သောကြောင့် အိမ်သုံးမီတာခများကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍
နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ အချိန်အထိ အလုံးစုံ ကင်းလွတ်ခွင့် ပေးလိုက်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ခေတ္တဒုတိယသမ္မတ ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခ ကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများ ကောက်ခံ မှုကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပေးဆောင်ခြင်း မပြုရန် ခေတ္တဆိုင်းငံ့လိုက်ကြောင်း ဖော်ပြပါရှိသည်။
အစိုးရအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေမှုကြောင့် ဇန်နဝါရီ ၃၁ ရက်နေ့အထိ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၁ ယူနစ်မှ ၁၅၀) ယူနစ်အထိ ဓါတ်အားခ ကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို ကင်းလွတ်ခွင့် (အခမဲ့) ပြုခဲ့ပြီး ဖြစ်သည်။
You may also like these stories:
လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ