နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၁၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင် မောင်ဆွေသည် ၎င်းတိမ်းရှောင်နေသည့် ပြင်ဦးလွင်မြို့တွင် မနေ့က မတ်လ ၂၈ နေ့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သိရသည်။
ဦးမောင်မောင်ဆွေနှင့် အတူ ၎င်း၏ဇနီးဖြစ်သူ တိုင်းရင်းသားရေးရာ လူမျိုးများ ဝန်ကြီးဌာန တိုင်းရင်းသား စာပေနှင့် ယဉ် ကျေးမှု ဦးစီးဌာန လူမှုဘဝမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်ကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ် ကြောင်း ၎င်းနှင့်နီးစပ်သူများက ဧရာဝတီသို့ အတည်ပြုသည်။
၎င်းတို့ ဇနီးမောင်နှံ ၂ ဦးအပြင် ၎င်းတို့၏ မိသားစုဝင်တချို့လည်း ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။
ဦးမောင်မောင်ဆွေသည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် CDM ဝန်ထမ်းများကို ထောက်ခံကြိုဆိုကြောင်း ရေးသား လေ့ရှိပြီး ယခုဖမ်းဆီးခံရမှုမှာလည်း CDM ဝန်ထမ်းများကို အားပေးကူညီသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ထိန်းသိမ်းခံ နေရသလို နေပြည်တော်တွင်လည်း NLD ပါတီ နေပြည်တော် ဥက္ကဌ ဦးမင်းသူ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်း၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်တို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည် နေပြည်တော်ရှိ အခြား NLD အမတ်များကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားပြီး လိုက်လံဖမ်းဆီးလျက် ရှိသည်။
You may also like these stories:
ဖမ်းထားသူများ ပြန်လွှတ်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြင်းထန်စွာ သတိပေး
မြန်မာ့ CDM လှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရ