သတင်းတို

ရခိုင်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အများဆုံးမှာ ကလေးငယ်များ ဖြစ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးမှု အများဆုံးမှာ ကလေးငယ်များ ဖြစ် ကြောင်း ယူနီဆက်(မြန်မာ)က ဧပြီလ ၇ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။

တနိုင်ငံလုံး အတိုင်းအတာနှင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာရ သေဆုံးရမှုတွင်လည်း ရခိုင်ပြည်နယ်သည် ၄၇ ရာခိုင်နှုန်း အထိ ရှိကြောင်း ယူနီဆက်(မြန်မာ)၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဋိပက္ခအတွင်း ရောက်ရှိနေသော ကလေးငယ်များ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ယူနီဆက်သည် ပါဝင် ပတ်သက် သူ အားလုံးအား မြေမြုပ်မိုင်းများ ချထားခြင်း မပြုရန်၊ ရှိနှင့်ပြီးသော မြေမြုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက် နက်ပစ္စည်းများကို ဖယ်ရှား ရှင်းလင်းကြရန်နှင့် ကလေးငယ်များ၏ အကာအကွယ် ရပိုင်ခွင့်ကို ထိန်းသိမ်းကြပါရန်လည်း တိုက်တွန်းထားသည်။

စစ်ဘေးရှောင် ကျေးရွာသားများ နေရပ်ပြန်နိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များက မိုင်းအန္တရာယ် ရှင်း လင်းရေး လုပ်နေသော်လည်း ထိရောက်မှုနှင့် အာမခံချက်ရရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး (REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

ဦးဇော်ဇော်ထွန်းက“ထိရောက်မှု ရှိအောင်လုပ်ဖို့ လိုတယ်။ လုပ်တယ်ဆိုတာလောက်နဲ့မရဘူး။ နောက်တခုက တာဝန်ခံမှု ရှိဖို့ လိုတယ်။ ဒီနေရာမှာ မိုင်းရှင်းလင်းရေး လုပ်လိုက်ပြီဆိုတာနဲ့ စိတ်ချရပြီဆိုတာမျိုး အာမခံဖို့ လိုအပ်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ယခုနှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ်အတွင်း ရန်ကုန် – စစ်တွေ ကားလမ်းမတလျှောက်တွင် အာဏာသိမ်း စစ်ကောင်စီ တပ် များက မိုင်းအန္တရာယ် ရှင်းလင်းရေး လုပ်ဆောင်ခဲ့သော်လည်း လူကြီးလမ်းကြောင်း လုံခြုံရေးအတွက် ပြုလုပ်သည်ဟု ဒေ သခံများက ယုံကြည်လျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာအတွင်း စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးနှင့် အသက် ၂ နှစ်အရွယ် ကလေးငယ် တဦးတို့ သေဆုံးကာ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ရခိုင်စစ်ရေးပဋိပက္ခအတွင်း မြေမြုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၄ ဦးရှိပြီး ထိ ခိုက်ဒဏ်ရာ ရရှိသူ ၈၁ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးမှ ကောက်ယူထားသော စာရင်းအရ သိရသည်။

လက်ရှိအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ရက္ခိုင့်စစ်တပ်(AA)တို့ကြား တိုက်ပွဲများ ရပ် တန့်နေသော်လည်း ကျေးရွာအနီး ဝန်းကျင်တွင် တပ်မတော်က တပ်စွဲနေထိုင်ခြင်း အပါအဝင် မြေမြုပ်မိုင်း အန္တရာယ်များ ရှိနေသည့်အတွက် စစ်ရှောင် တသိန်းကျော် နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading