ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးကွင်းအနီး၊ အသင်းတိုက်မှတ်တိုင် မျက်နှာချင်းဆိုင်တွင် ရှိသည့် အာ ဏာသိမ်း စစ်ကောင်စီ အဖွဲ့ ဝင် ဦးသိန်းညွှန့်၏ နေအိမ်မှာ မနေ့က ညနေ ၇ နာရီ ၁၅ မိနစ်တွင် လက်လုပ်ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
“အပစ်ခံရတာက လက်လုပ်ဗုံး ၃ လုံး။ ၁ လုံးပဲ ကွဲတယ်။ ပိုက်နဲ့ လုပ်ထားတာက တလုံး၊ သံပိုက်နဲ့ လုပ်ထားတာက ၂ လုံး ပေါ့။ ထိခိုက်ဒဏ်ရာ ရတဲ့သူ မရှိဘူး။ တခြား အပျက်အစီးလည်း ကြီးကြီးမားမား မရှိပါဘူး”ဟု ဦးသိန်းညွှန့်နှင့် နီးစပ်သူ သ တင်းရင်းမြစ်တဦးက ပြောသည်။
လက်လုပ်ဗုံး အပစ်ခံရပြီးနောက် ယင်းနေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်ရှိလာကြောင်း၊ စစ်ကားများ လည်း လုံခြုံရေး ရယူပေးခဲ့ပြီးနောက် ဦးသိန်းညွှန့်အိမ် အနီးရှိ ရပ်ကွက်ထဲသို့ ကားတန်းဖြင့် လှည့်ပတ်သွားခဲ့ကြောင်း သိ ရသည်။
နိုင်ငံတော် အာဏာကို စစ်တပ်က အရပ်သား အစိုးရထံမှ အတင်း အဓမ္မ ရယူပြီးနောက် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် စီမံ အုပ်ချုပ်မှု ကောင်စီတွင် ပါဝင်ခဲ့သည့် ဦးသိန်းညွှန့်မှာ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်ပြောဆိုမှုများ ခံခဲ့ရသည်။
ဦးသိန်းညွှန့်သည် ၁၉၈၈ ခုနှစ် မတိုင်မီက မြန်မာပြည်ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ လူငယ်ရေးရာဌာနတွင် အလုပ်လုပ်ခဲ့သူ တဦး ဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံပြီးနောက် NLD ပါတီသို့ တတ်သိပညာရှင်အုပ်စုမှ တဆင့် ဝင်ရောက်ခဲ့သည်။
NLD ပါတီတွင် ဗဟိုကော်မတီ အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းညွှန့်သည် ၂၀၁၀ ရွေးကောက်ပွဲကို NLD က ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်သည့်အခါ ထိုစဉ်က ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့နှင့်အတူ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကို တည်ထောင်ခဲ့သည်။
နောက်ပိုင်းတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီးနောက် သူကိုယ်တိုင် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ကို တည်ထောင်ခဲ့ပြီး ယခု လက်လုပ်ဗုံးဖြင့် အပစ်ခံရသည့် သူ၏ နေအိမ်မှာ ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသည့် နေရာ ဖြစ် သည်။
ဦးသိန်းညွှန့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့ ပြီး ကြံ့ခိုင်ရေး အစိုးရလက်ထက်တွင် အသံအကျယ်ဆုံး အတိုက်အခံတဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။
နောက်ပိုင်း ရွေးကောက်ပွဲများ ဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော် လည်း ရှုံးနိမ့်ခဲ့သည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းများတွင် စစ်ဗိုလ်ချုပ်များ၏ ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းပြီးနောက် ဒေါ် အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သူတဦးလည်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနှင့် ၎င်းတို့၏ အင်အားစုများ ရွေးကောက်ပွဲ၌ အကြီးအကျယ် ရှုံးနိမ့်သည့်အခါ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သွားရောက်ပြီး အာဏာသိမ်းရန် မြှောက်ထိုးပင့်ကော် လုပ် သူများထဲတွင်လည်းတဦး အပါအဝင် ဖြစ်ခဲ့သူ ဖြစ်သည်။
You may also like these stories:
ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တရားမဝင် စစ်ကောင်စီ မဟုတ်ဘဲ NUG ကို ဖိတ်ကြားသင့်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု နေပြည်တော် အတည်ပြု
ဖိအားပေးမည့် အာဆီယံ အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မသွားရဲ