ချင်းပြည်နယ်၊ ဟာခါးမြို့ တွင် ဝန်ကြီးများ နေထိုင်သည့် အိမ်ရာကို စောင့်ကြပ်ရသည့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မှ ရဲနှင့် စစ်သားတို့ မနေ့က ည ၇ နာရီခွဲခန့်တွင် အချင်းချင်း ပစ်ခတ်ကြရာ စစ်သား ၂ ဦး သေဆုံးသွားကြောင်း သိရသည်။
“မနေ့ညက အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုမှာ စစ်သား ၂ ယောက် သေတယ်။ စစ်သားတယောက်က သူများကို ပစ် ပြီးမှ ကိုယ့်ကိုကိုယ်ပြန်ပစ်တာလို့ သိရတယ်။ ရဲဘက်ကလည်း ထိတယ်။ ပေါင်ကို ထိသွားတယ် ပြောတယ်။ ဆေးရုံတက် နေရတယ်။ ရဲဘက်က ဘယ်နှစ်ယောက်ထိလည်း ဆိုတာတော့ အတိအကျ မသိဘူး”ဟု ဟားခါးမြို့ ခံတဦးက ပြောသည်။
မည်သည့် အတွက်ကြောင့် ပစ်ခတ်မှု ဖြစ်ပွားသည်ကို မသိရသေးကြောင်း၊ သေနတ်သံ ၁၀ ချက်ခန့် ကြားခဲ့ရကြောင်း ဒေ သခံများက ပြောသည်။
ယခု ပစ်ခတ်မှု ဖြစ်ပွားရာ နေရာသည် ချင်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများ၊ လွှတ်တော် ရှိစဉ်က လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်သည့် အိမ်ရာတခု ဖြစ်ပြီး လုံခြုံရေး ဂိတ်အဆင့်ဆင့် ချထားသည့် နေရာတခု ဖြစ်ကြောင်း သိ ရသည်။
“ညက ဖြစ်စဉ်ကြောင့် ဟားခါးမှာ လုံခြုံရေး ပိုတိုးထားတာမျိုး မရှိဘူး။ ပုံမှန်ပဲ။ ဟားခါးမှာ အခုနောက်ပိုင်း ဆန္ဒပြတာတွေ ကလည်း မရှိတော့ဘူး။ ဒေသခံလူငယ်တွေလည်း မရှိတော့ဘူး။ ပြေးကုန်ပြီ။ ဘယ်ရောက်လို့ ရောက်မှန်းတောင် မသိ တော့ဘူး”ဟု အထက်ပါ ဟားခါးမြို့ခံက ဆက်ပြောပြသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း ထန်တလန်မြို့ မှ ဟားခါးမြို့သို့ ပြန်လာသည့် လူငယ် ၂ ဦး ဟားခါးမြို့ အဝင်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသေးသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ယနေ့အချိန်အထိ ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၅၀ ဝန်း ကျင်ရှိကြောင်း သိရသည်။
You may also like these stories:
ပြည်မြို့တွင် လက်ရုံးတပ်တခုမှ စစ်သား ၃ ယောက် လက်နက်များယူ၍ ထွက်ပြေး
ကျိုက်ကော်တွင် KNU နှင့် အာဏာသိမ်းတပ် ပစ်ခတ်မှုဖြစ်
စစ်ကောင်စီကို ဘယ်လိုချေမှုန်းကြမလဲ