ဖမ်းဆီးထားသူများကို လွှတ်မပေးပါက စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည့်အတိုင်း ချင်းဒေသ ကာကွယ်ရေးတပ်(ဟားခါး)က မနေ့က ညနေပိုင်းမှ စတင်ပြီး စစ်တပ်၏ လုံခြုံရေးကင်းစခန်းများကို ဝင်ရောက် တိုက်ခိုက် ရာ စစ်ကောင်စီတပ်မှ ၄ ဦး ထပ်မံ သေဆုံးကြောင်း သိရသည်။
မေလ ၃ ရက်နေ့ ညပိုင်း ၁၁ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ ၆ လမ်းဆုံရှိ လုံခြုံရေးစခန်းတွင် စစ် ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ခဲ့ကြောင်း ချင်းကာကွယ် ရေးတပ်(ဟားခါး)က ထုတ်ပြန်သည်။
“ည ၁၁ မှာ တကြိမ် ဖြစ်တယ်။ ၁၂ နာရီလောက်အထိ ဖြစ်တယ်။ ဗုံးပေါက်တယ်။ တိုက်ပွဲ ထပ်ဖြစ်တာပေါ့။ မနေ့က ညနေ ပိုင်းမှာ ကျောဘုတ်ဘက်မှာ ဖြစ်တာကတော့ ပိုကြမ်းတယ်။ ပစ်တာခတ်တာ ပိုများတာပေါ့။ ဒီမနက်ပိုင်းမှာတော့ စစ်တပ် က ကားတွေ စုပေါင်းရုံးမှာ ထိုးထားတယ်”ဟု ဟားခါး ဒေသခံတဦးက ပြောသည်။
မနေ့က ညပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားသည့် ၆ လမ်းဆုံ ဆိုသည်မှာ ဟားခါးတွင် မြေပြိုသဖြင့် ထပ်မံတိုးချဲ့ထားသည့် နေရာတခု ဖြစ်ပြီး ယင်းနေရာမှ ချင်းပြည်နယ် ဖလမ်းဘက်၊ ကလေးမြို့ နှင့့် တောင်ခရမ်းဘက်သို့ သွားသည့် လမ်းဆုံတခု ဖြစ်ကြောင်း၊ ယင်းနေရာတွင် စစ်တပ်က လုံခြုံရေး ရယူထား၍ သွားရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ပြည်သူတွေဘက်ကပဲ သွားတိုက်တာ။ မေလ ၂ ရက်နေ့ ၄ နာရီနောက်ပိုင်း ဖမ်းထားတဲ့သူတွေကို လွှတ်မပေး ဘူးဆိုရင် တိုက်မယ်လို့ ကြေညာထားပြီးသား။ ပြောတဲ့အတိုင်းပဲ လုပ်တာ။ အခု မြို့ထဲမှာ စစ်သားတွေရဲ့ မျက်နှာလည်း သွားကြည့်လိုက်။ တကယ်စိတ်ပျက်လက်ပျက်နဲ့ ဖြစ်နေတာ”ဟု ဟားခါးဒေသခံတဦးက ပြောသည်။
ဟားခါးမြို့ ရှိ အမှတ် ၆၄၅ ခြေလျင် တပ်ရှိသည့် ကျော်ဘုတ် အောက်ဘက်ဂိတ်တွင် တိုက်ပွဲ ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး မ နေ့က မေလ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကားများ လှည့်လည်ပြီးနောက် ၄ နာရီခန့်တွင် ကျောဘုတ်တိုက်ပွဲ စတင်ခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၂ ရက်နေ့ကလည်း ယင်းကျောဘုတ်ဂိတ်နေရာတွင် ည ၇ နာရီနောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကြောင်း ဒေသခံများက အတည်ပြုထားသဖြင့် ဟားခါးတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၈ ဦးအထိ ရှိလာပြီ ဖြစ်သည်။
ထို့ပြင် မေလ ၃ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့ စစ်ကူလာသည့် ကားများကို မကွေးတိုင်း၊ ထီးလင်းဘက်တွင် စောင့်ကြိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၂ ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိကြောင်း ကြားသိရသော်လည်း သီးခြား အ တည်ပြုနိုင်ခြင်း မရှိပေ။
You may also like these stories:
ကျပ်ငွေအပေါ် ယုံကြည်မှုလျော့၊ ရွှေစုသူများလာ
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ
စစ်အာဏာသိမ်း ဆန့်ကျင်ရေးက ဂျပန်လုပ်ငန်းရှင်များ၏ စံတန်ဖိုးများကို စမ်းသပ်နေ
ဦးပိုင်နှင့် MEC ကို ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့တော့မည်