စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ဝိတုတ်ရွာမ ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို မေလ ၃ ရက်နေ့ ည ၉ နာရီခန့်က ပစ်ခတ်ခံရ သည့်အတွက် နှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်း ရရှိသည်။
ထိုသို့ ပစ်ခတ်ခံရသည့်အတွက် ဝိတုတ်ရွာမ အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားပြီး မြေးဖြစ်သူမှာ လည်း ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက“မနေ့က ည ၉ နာရီလောက်ရှိတယ်။ ဆိုင်ကယ် ၆ စီး ရွာထဲကို ဝင်သွားတယ်။ မကြာဘူး၊ သေနတ်သံတွေ တော်တော်ကြားရတယ်။ ရွာသားတွေတော့ ဘယ်သူမှတော့ သွားမကြည့်ရဲဘူး။ ဒီနေ့မနက် သတင်းကြားတာကတော့ အုပ် ချုပ်ရေမှူး သမီးနဲ့ သူ့မြေး သေတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကတော့ ဒဏ်ရာတွေရတယ်လို့ ကြားတယ်”ဟု ပြောသည်။
ပစ်ခတ်မှုများ အပြီးတွင် ဆိုင်ကယ်သမားများက“ပြည်သူ့စစ်တွေ သတ္တိရှိရင် ထွက်ခဲ့စမ်း”ဟုလည်း စိန်ခေါ်သွားကြောင်း ဒေ သခံများက ဆိုသည်။
အဆိုပါ ဝိတုတ်ရွာမ ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာ ပြီး တူမီးသေနတ်ကိုင်သူများကို စာရင်းကောက်ယူခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ထံ အပ်ခိုင်းကြောင်း၊ မသကာၤသည့် နေအိမ်များကို လည်း ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။
“စစ်တပ်က ဟိုရှာဒီရှာ လုပ်တယ်။ ဘာမှမရဘူး။ ရွာမှာ ကျွဲကျောင်းနေတဲ့ ရွာသား ၂ ယောက်ကိုလည်း ခေါ်ရိုက်သွား တယ်။ တယောက်ကတော့ ၄ ချက်လောက် ချုပ်ရတာ ရှိတယ်။ အခု အုပ်ချုပ်ရေးမှူး အပစ်ခံရတာက သတင်းပေးလို့လား၊ လူမှုရေး ပြဿနာတွေကြောင့်လား ဆိုတာတော့ ကျနော်တို့ ရွာသားတွေလည်း မသိကြဘူး”ဟု ဒေသခံတဦးက ပြော သည်။
ယနေ့ နံနက်ပိုင်းတွင် ဝိတုတ် ရွာမကျေးရွာအတွင်းသို့ စစ်ကောင်စီ လက်နက်ကိုင်တပ်များ ရောက်ရှိလာကြသည့်အတွက် ကျေးရွာသားများမှာ နေအိမ်အပြင်ဘက်သို့ မထွက်ရဲကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
အဆိုပါ ဝိတုတ် ရွာမကျေးရွာသည် တမူးမြို့နှင့် ၁၀ မိုင်ကျော် ဝေးကွာပြီး ကလေး – တမူးအကြားရှိ အာရှလမ်းမပေါ်တွင် တည်ရှိသည့် ကျေးရွာတရွာ ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးသည့် နောက်ပိုင်း တမူးမြို့နယ်အတွင်း တခြားမြို့နယ်များကဲ့သို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ၏ ပစ်ခတ်မှုကြောင့် တမူးမြို့ခံ ၉ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
NLD AIDS စင်တာရှိ CDM ဝန်ထမ်းများကို တပတ်အတွင်း ထွက်ခွာရန် စစ်တပ်ဖိအားပေး
စစ်အာဏာသိမ်းပြီး ၃ လကျော်အတွင်း ပြည်သူ ၇၆၅ ဦး အသတ်ခံရ
တမူး၌ ရပ်ကွက်ကင်းစောင့်လူငယ်ကို ဓားနှင့်မွှန်း၊ အရိုးကျိုး သည်အထိ ရိုက်နှက်