• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

Mizzama အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်အမှု တရားလိုဘက် စတင် စစ်ဆေး

by ဧရာဝတီ
20 May 2021
in သတင်းတို
A A
Mizzama အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင် / ThanHtike Aung’s Facebook

Mizzama အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင် / ThanHtike Aung’s Facebook

11.9k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ယနေ့ မေလ ၂၀ ရက်နေ့ တွင် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး ယနေ့ ရုံးချိန်းတွင် ၎င်း၏ အမှုအတွက် တရားလိုဖြစ်သူ ရဲ အရာရှိကို စတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုသန်းထိုက်အောင်အမှု၏ တရားလိုဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှူး ဒုရဲမှူးသိန်းဌေးကို ယနေ့ တရားရုံးတွင် စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

RelatedPosts

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
4.1k
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
326
ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

11 June 2025
647

ကိုသန်းထိုက်အောင်ကို အရေးယူရခြင်းမှာ မတ်လ ၈ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီက Mizzima သတင်းဌာန အ ပါအဝင် မီဒီယာ ၅ ခုကို ထုတ်ဝေခွင့်ရုတ်သိမ်းသည့် ကြေညာချက်ကို ကန့်ကွက်ကြောင်း Mizzima သတင်းဌာန၏ ထုတ် ပြန်ချက်ကို ၎င်း၏ ကိုယ်ပိုင် Facebook တွင် ပြန်ရှယ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“သူ့(ကိုသန်းထိုက်အောင်)က သူ့ဌာနက ထုတ်ပြန်ချက်ကို ပြန်ရှယ်တာ၊ နောက်ပြီး သူ့ဖေဘုတ်(စ်) စာမျက်နှာမှာ အာဏာ ရှင်စနစ် ကျဆုံးပါစေ။ အာဏာသိမ်း စစ်ကောင်စီ အလိုမရှိဆိုပြီး ရေးခဲ့တာတွေ ရှိလို့ အရေးယူတာဆိုပြီး တရားလိုရဲက ထွက်ပါတယ်”ဟု ယင်းအမှုအကြောင်း သိရှိသူတဦးက ပြောပြသည်။

၎င်းကဆက်၍ “ဒီရုံးချိန်းမှာ တရားလိုကို စစစ်တာပေါ့။ တရားခွင်ထဲ နှစ်ဘက်ရှေ့နေတွေ အပြန်အလှန် မေးခွန်းမေးတာ တွေ လုပ်ပါတယ်။ ပုံမှန်ပါပဲ။ ကိုသန်းထိုက်အောင်လည်း ကျန်းမာရေး ကောင်းပါတယ်”ဟု ပြောသည်။

Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်နှင့် ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ ၂ ဦးမှာ လွန်ခဲ့သည့် မတ် လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန်၏ ရုံးထုတ်ကို သတင်း ရ ယူနေစဉ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထိုသို့ဖမ်းခံရပြီးနောက် ဘီဘီစီ သတင်းထောက် ကိုအောင်သူရမှာ မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ သော်လည်း ကိုသန်းထိုက်အောင်မှာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယခုကဲ့သို ဆက်လက် တရားရင်ဆိုင် နေရသည်။

ကိုသန်းထိုက်အောင်၏ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ၎င်းအမှုအတွက် လာမည့် ရုံးချိန်းကို ဇွန်လ ၃ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေပြည်တော် အခြေစိုက် သတင်းထောက် ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ ကို သန်းထိုက်အောင်၊ ဘီဘီစီ သတင်းထောက် ကိုအောင်သူရနှင့် DVB သတင်းထောက်ဟောင်း လက်ရှိ အလွတ်တန်း သ တင်းထောက် ကိုအောင်ကိုကိုလတ်တို့ ဖြစ်သည်။

အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကို ကိုလည်း ပုဒ်မ ၅၀၅ (က)ဖြင့် အရေးယူထားရာမှ ဖမ်းဆီးခံရပြီး တလအကြာ ဧပြီလ ၂၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။ ထိုကြောင့် ကိုသန်းထိုက်အောင်တဦးသာ ထိန်းသိမ်းခံထားရပြီး အချုပ်နှင့် တရားရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ သတင်းသမားပေါင်း ၇၀ ကျော်ရှိသည့် အနက် ၃၀ ဦးမှာ ပြန်လွတ်လာပြီး ၄၀ ဦးထက်မနည်း အချုပ်နှင့် တရားရင်ဆိုင်နေရသည်။

You may also like these stories:

ဟားခါးတွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေ၊ စစ်သား ၁၀ ဦး ထပ်မံ ကျဆုံးဟု ဆို

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

မင်းတပ်တွင် မြို့ထဲပိတ်မိနေသူများကို တောထဲရောက်နေသူများက စိုးရိမ်နေ

Your Thoughts …
Tags: Mizzimaကိုသန်းထိုက်အောင်တရားရုံးအယ်ဒီတာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမျိုးသမီး သတင်းစာဆရာ

အမျိုးသမီး သတင်းစာဆရာ

by မောင်သစ်လွင် (လူထု)
19 November 2023
726

ယခု အချိန်အထိ တွေ့ရသမျှ အမျိုးသမီး သတင်းစာဆရာများ အနက် ဒေါ်ဖွားရှင်သည် ပထမဆုံး မြန်မာ အမျိုးသမီး သတင်းစာဆရာ ဖြစ်သည်။

ကာလကြာမြင့်စွာ အတူရပ်တည်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ ဆောင်းပါးရှင်တွေကို ဧရာဝတီ ဂုဏ်ပြု

ကာလကြာမြင့်စွာ အတူရပ်တည်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ ဆောင်းပါးရှင်တွေကို ဧရာဝတီ ဂုဏ်ပြု

by ဧရာဝတီ
19 June 2024
570

ဧရာဝတီရဲ့ အမာခံအဖွဲ့ဝင်တွေဟာ ဧရာဝတီနဲ့ အတူရပ်တည်ကြတယ်။ ကျနော်တို့က သူတို့ကျေးဇူးကို အမြဲတမ်း အသိအမှတ်ပြုတယ်။ ဒီလောက်တောင် ထိရောက်မှုရှိတဲ့ အလုပ်တွေကို လုပ်ခဲ့ကြတဲ့အတွက် ဧရာဝတီက သူတို့ကို ကျေးဇူးတင်တယ်။

ပူတင်ရှေ့မှာ ရိုကျိုးနေတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)

ပူတင်ရှေ့မှာ ရိုကျိုးနေတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)

by ဧရာဝတီ
5 March 2025
512

“မလုပ်ရဲတာ ဘာမှမရှိဘူး ”လို့ ကြွေးကြော်ခဲ့ပြီး တိုင်းပြည်ကိုအာဏာသိမ်း၊ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ရာမှာတော့ ဝပ်တွားခယနေရတယ်လို့ စောင့်ကြည်သူတွေက ထောက်ပြကြပါတယ်။

Tipping Point ကိုကျော်ပြီး End Point ကိုသွားနေပြီ (ရုပ်/သံ)

Tipping Point ကိုကျော်ပြီး End Point ကိုသွားနေပြီ (ရုပ်/သံ)

by ဧရာဝတီ
9 August 2024
450

မြန်မာ့တော်လှန်ရေးအခြေအနေဟာ အလှည့်အပြောင်း ဆုံမှတ် Tipping Point ကိုကျော်ပြီး အပြီးသတ်အဆုံးမှတ် ဖြစ်တဲ့ End Point ကိုသွားနေပြီဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် က သုံးသပ်ပါတယ်။

DVB နှင့် Mizzima သတင်းဌာနတို့၏ အမှတ်တံဆိပ်များ

ရုပ်သံထုတ်လွှင့်မှု သဘောတူချက် စစ်ကောင်စီချိုးဖောက်ခဲ့ဟု Mizzima နှင့် DVB တုံ့ပြန်

by ဧရာဝတီ
11 July 2023
4.4k

Mizzima အနေဖြင့် လွတ်လပ်သည့် တရားစီရင်မှုရှိသော မည့်သည်နေရာတွင်မဆို တရားရင်ဆိုင်ရန်အသင့် ရှိသလို ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်ရန်ကိစ္စရပ်များလည်း ရှိနေသေးကြောင်း ဦးစိုးမြင့်က ဆိုသည်။

လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်  / အဲမလီ / ဧရာဝတီ

သက်ငယ်မုဒိမ်းမှာ များသောအားဖြင့် ရင်းနှီးတဲ့သူကပဲ လုပ်တာ

by ထက်ခေါင်လင်း
16 July 2020
25.9k

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်၏ လူမှုဝန်ထမ်း ဦးစီးဌာနမှ Case Manager ဖြစ်သူ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်ကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Next Post
ဝန်ထမ်းများစွန့်ခွာခဲ့သည့် ယုဇနကုမ္ပဏီဝန်းကို ဒေသခံတောင်သူများ ဖြိုဖျက် / CJ

ယုဇနကုမ္ပဏီ သိမ်းယူထားသည့် မြေများအား ဒေသခံတောင်သူများ ပြန်လည်ခွဲဝေ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတရုံရှိ အလုပ်ခွင်မှ အထည်ချုပ်သမများ / ဧရာဝတီ

မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ နာမည်ကျော် ကုမ္ပဏီများ အပ်ထည်အော်ဒါ မှာယူရန် ပြင်ဆင်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

22 hours ago
3.9k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate