သတင်းတို

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၏သား ရန်ဖြစ်သည့် ဘားဆိုင် ပိုင်ရှင်နှင့် ဝန်ထမ်းတချို့ ပြန်လွတ်

Want create site? Find Free WordPress Themes and plugins.

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၏ သားဖြစ်သူ စည်သူထွဋ်နှင့် ၎င်း၏ သူငယ်ချင်းများ ခိုက်ရန် ဖြစ်ပွားခဲ့ သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဧရာဝတီလမ်းရှိ Excellent စားသောက်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမျိုးဝေလင်းနှင့် ဆိုင် ဝန်ထမ်း ၁၁ ဦး ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ နေ့ ညပိုင်းက ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၏သား စည်သူထွဋ်နှင့် အဖွဲ့က အခြားလူငယ်တချို့နှင့် ယင်း ဆိုင်တွင် ရန်ပွဲတခု ဖြစ်ပွားစဉ် ဆိုင်ဝန်ထမ်းများနှင့်ပါ ဆက်လက် ခိုက်ရန် ဖြစ်ပွားခဲ့ပြီး လာရောက် ဖျန်ဖြေသည့် ဆိုင်ရှင် ဖြစ်သူ အပါအဝင် တဆိုင်လုံး အဖမ်းခံရသည်။

“ပုဒ်မ ၅ ခု တပ်ပါတယ်။ ပုဒ်မ ၃၇၉ ၊ ပုဒ်မ ၂၉၄ ၊ ပုဒ်မ ၃၂၅ ၊ ပုဒ်မ ၁၁၄ နဲ့ ပုဒ်မ ၅၀၆ ပါ။ အဖမ်းခံရတဲ့ ၁၆ ယောက်မှာ ၁၂ ယောက်ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ဆိုင်ပိုင်ရှင်အပါ ၁၂ ဦးကတော့ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ အချုပ်ထောင် ကနေ ပြန်လွတ်လာပါပြီ။ ၄ ယောက်တော့ ကျန်ပါသေးတယ်”ဟု ယင်းဆိုင်နှင့် နီးစပ်သူတဦးက ပြောသည်။

ကျန်ခဲ့သူ ၄ ယောက်စလုံးမှာ ယောက်ျားလေးများ ဖြစ်ပြီး ၎င်းတို့သည် ခိုက်ရန်ဖြစ်ပွားနေစဉ် တုတ်ကိုင်ဆောင်ခဲ့သူများ ဖြစ်ကြောင်း၊ ရန်ပွဲအတွင်း ဝင်ရောက် ရိုက်နှက်ခဲ့ခြင်း မရှိသော်လည်း ရိုက်မှုဖြင့် တရားရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။

စွပ်စွဲခံရသည့် ပုဒ်မများတွင် ပုဒ်မ ၃၇၉ မှာ ခိုးမှု/လုယက်မှု၊ ပုဒ်မ ၂၉၄ ဆဲဆိုမှု၊ ပုဒ်မ ၃၂၅ အပြင်းအထန် နာကျင်စေမှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု၊ ပုဒ်မ ၅၀၆ ခြောက်လန့်မှုတို့ ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့ ည ၉ နာရီခွဲတွင် အထက်ပါဆိုင်ရှိ Music Band ပိတ်သိမ်းသွားပြီးနောက် ဦးစည်သူထွဋ်သည် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့နှင့် တဝိုင်းတည်းထိုင်၍ စားသောက်နေစဉ် ဘေးဝိုင်းရှိ လူငယ် ၃ ဦးပါသည့် ဝိုင်းက ဦးစည်သူ ထွဋ်တို့ ဝိုင်းမှ အမျိုးသမီးများကို စနောက်ခဲ့သည့်ကိစ္စမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဝိုင်းရှိ အမျိုးသမီးများ စနောက်ခံရသည်ကို စိတ်ဆိုးပြီး ဦးစည်သူထွဋ်က အခြားဝိုင်းမှ အမျိုးသား ၃ ဦးကို ဖန်ခွက်၊ ပုလင်းတို့ဖြင့် ကောက်ပေါက်ရာ အမျိုးသား ၂ ဦးမှာ ဆိုင်ပြင်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန် ၁ ဦးမှာ ဆိုင်၏ Kitchen ထဲသို့ ဝင်ပြေးသဖြင့် လိုက်လံ ထိုးကြိတ်ခဲ့ကြောင်း၊ ထိုမှတဆင့် ဆိုင်ဝန်ထမ်းများနှင့်ပါ ဆက်လက် ခိုက်ရန် ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် Excellent စားသောက်ဆိုင်ကိုလည်း သက်ဆိုင်ရာ၏ ညွှန်ကြားချက်အရ ပိတ်ထားရသည်။

You may also like these stories:

ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၏သား ရန်ဖြစ်သည့် စားသောက်ဆိုင်မှ ပိုင်ရှင်နှင့် ဝန်ထမ်းများ အဖမ်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading