သတင်းတို

UNRA ခေါင်းဆောင် ဗိုလ်မှူးချုပ် ခင်ကျော် မြဝတီတွင် အဖမ်းခံရ

ပြည်ထောင်စုကာကွယ်ရေးတပ် – UNRA (Union of National Resistance Army) ခေါင်းဆောင် ဗိုလ်မှူးချုပ် ခင်ကျော် ကို အာဏာသိမ်း စစ်ကောင်စီက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖမ်းထားကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့နယ်တွင် လွန်ခဲ့သော ၂ ရက်ခန့်က ဖမ်းမိခြင်းဖြစ်ကြောင်းသိရပြီး ၎င်းဖုန်းမှတဆင့် ရန်ကုန်၊ မန္တလေး ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDF) များထံ ဆက်သွယ်ပြီး လူကိုယ်တိုင်လာတွေကြရန် ခေါ်နေသဖြင့် အာဏာသိမ်းတပ်ကို ဆန့်ကျင်နေသူများက စိုးရိမ်နေကြသည်။

“ရန်ကုန် နဲ့ မန္တလေး PDF တွေဆီဖုန်း အဆက်အသွယ်ရှိတယ်လို့သိရပါတယ်။ အခုသူကိုယ်တိုင် ဖုန်းဆက်ပြီး သူနဲ့လာတွေ့ဖို့တွေပြောနေပါတယ်” ဟု နီးစပ်သည့် သတင်းရင်းမြစ်တဦးထံမှ သိရသည်။

ဗိုလ်မှူးချုပ်ခင်ကျော် သည် ယခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကော်မရှင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူူးသူဖြစ်ပြီး အဖွဲ့အတွင်း သဘောထားကွဲလွဲရာမှ ၂၀၁၄ ခုနှစ်တွင် ကရင်ပြည်နယ်ထဲ၌ ABSDF လူဟောင်းများကို အခြေခံကာ UNRA အဖွဲ့ကို ဖွဲ့စည်း၍ ဦးဆောင်နေသူဖြစ်သည်။

စစ်ရေးလေ့ကျင့်နေသည့် UNRA တပ်ဖွဲ့များ

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ABSDF လူဟောင်းများနှင့် ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးတပ် (NDF) ကိုဖွဲ့စည်းပြီး တပ်မှူးအဖြစ် ဦးဆောင်ကာ အာဏာသိမ်း စစ်တပ်ကို ခုခံတွန်းလှန်လိုသည့် အနယ်နယ်အရပ်ရပ်မှ လူငယ်များကို စစ်သင်တန်းပေးခဲ့သည်။

NDF အနေဖြင့် ယခုလအထိ အရာရှိငယ်သင်တန်း အမှတ်စဉ် (၁)နှင့် မြို့ပြပြောက်ကျား သင်တန်း အမှတ်စဉ် (၇) အထိ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားချက် အရသိရသည်။

You may also like these stories:

ပူတာအိုလေယာဉ်ကွင်း KIA ပစ်ခတ်

ဗန်းမော်ခရိုင်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ

အလော့ဘွမ်ကြောင့် စစ်ရေး ပိုတင်းမာလာနိုင်တဲ့ မိုးမောက်ဒေသ

Loading