သတင်းတို

ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှု စွဲချက်တင်သင့်မသင့် ဇူလိုင်လတွင် အမိန့်ချမည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအား စွဲချက်တင်သင့်၊ မတင်သင့်ကို လာမည့် ဇူလိုင်လ ၉ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ်၊ တရားရုံးရှိ ယနေ့ (ဇွန် ၂၅ ရက်) ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက စွဲချက်တင်သင့်၊ မတင်သင့် ရုံးတော် ၌ လျှောက်လဲချက်ပေးခဲ့ပြီးနောက် တရာရုံးက စွဲချက်အမိန့်ချမှတ်ရန် ထိုသို့ ပြန်လည် ချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဦးညီပု ၏ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

ဦးအောင်စစ်မင်းက “ဒီနေ့ ရုံးချိန်းမှာ စွဲချက် တင်သင့်မတင်သင့်ကို နှစ်ဖက်လျှောက်လဲချက်တွေ ပေးတယ်။ လာမယ့် ဇူလိုင် ၉ ရက်နေ့မှာ စွဲချက်တင်သင့်၊ မတင်သင့်ကို အမိန့်ချဖို့ တရားရုံးက ရုံးချိန်းပေးလိုက်ပါတယ်” ဟု ဧရာဝတီကို ပြော သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲခံထားရသည့် ဦးညီပုအား တရားရုံးထုတ်ရာတွင် အွန်လိုင်းစနစ်ဖြင့်သာ ရုံးထုတ်စစ်ဆေးနေပြီး တရားခွင်သို့ လူကိုယ်တိုင် လာရောက်ခြင်း တကြိမ်တခါမှ မရှိသေးပေ။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုတွင် စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ် အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၅ ဦး စစ်ဆေးပြီးပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) က ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် စစ်ကောင်စီ၏ အမိန့်၊ ညွှန်ကြားချက်မှာ တရားဝင်မှု မရှိကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် ဦးညီပုကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးညီပု၏ ရှေ့နေ ဦးအောင်စစ်မင်းက “ကျနော်တို့ဘက်က ခုခံလျှောက်လဲတာကတော့ ဦးညီပုဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ ကတည်းက ထိန်းသိမ်းခံထားရတာ ဖြစ်တဲ့အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ သူ့ အနေနဲ့ ပါဝင်ခြင်းလည်း မရှိဘူး။ ပူးပေါင်းခြင်းလည်း မရှိဘူး။ အားပေးကူညီပေးခြင်းလည်း မရှိဘူး ဆိုပြီးတော့ လျှောက်လဲ တင်ပြခဲ့တယ်” ဟု ပြောဆိုသည်။

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် NLD ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဝန်ကြီး ချုပ်ဟောင်း ဦးညီပုမှာလည်း ဂွမြို့နယ်၊ ဆောက်လုပ်ရေး ရိပ်သာ၌ ဖမ်းဆီးခံခဲ့ရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေပိုင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်တွင် အကျယ်ချုပ်ဖြင့် ထားစဉ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်း၌ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် ထိုကဲ့သို့ အမှုဖွင့် တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား

စစ်တပ် ဖမ်းဆီးထားသည့် တောင်ကုတ် ပရဟိတကျောင်းမှ ၇ ဦး၏ သတင်းအစအန မရ

စစ်တွေမြို့တွင် ကိုဗစ်ကူးစက်မှုများ ပြန်စလာ၍ ဒေသခံများ စိုးရိမ်

Did you find apk for android? You can find new Free Android Games and apps.
Loading