တရုတ်နိုင်ငံက စီပွားရေးစင်္ကြန် BRI စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည့် မြန်မာနိုင်ငံနှင့် ချိတ်ဆက်ထားသော ၎င်းနိုင်ငံဘက်ခြမ်းရှိ မီးရထားလမ်းကို ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်သည်။
အဆိုပါ မီရထားလမ်းအသစ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းခရိုင် နှင့် မြန်မာ နိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမြို့တခုဖြစ်သည့် ချင်းရွှေဟော်၏ တဖက်ကမ်းတွင် တည်ဆောက်ထားခြင်းဖြစ်သည်။
ယင်း မီးရထားလမ်းသစ် ဖွင့်လှစ်နိုင်ခဲ့သည်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းတွင် ချထားပြီး ယင်းမှတဆင့် ချင်းရွှေဟော် နယ်စပ်သို့ ပို့ဆောင်ကာ ထိုမှ တရုတ်နိုင်ငံ ချန်တူးမြို့သို့ သုံးရက်အတွင်း ကုန်စည်ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ လင်ချန်းမြို့သည် ရှမ်းပြည်နယ်နှင့် နီးကပ်စွာ တည်ရှိပြီး နယ်စပ်ဒေသရှိ မိန့်တင်- ချင်းရွှေဟော်ဂိတ်မှ လားရှိုးမြို့နှင့် ကီလိုမီတာ ၁၅၀ ကျော်သာ ဝေးကြောင်း သိရသည်။
ထိုအပြင် လင်ချန်းသည် “Belt and Road” နှင့် “Economic Pivot” တည်ဆောက်မှုကို ဆက်လက် တာဝန်ယူပြီး မြန်မာနိုင်ငံအပေါ် တံခါးဖွင့်လှစ်မှုနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ ကာ မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွဖော်ဆောင်ပြီး “ဆွေမျိုး ပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ် စာမျက်နှာအသစ်ကို အတူရေးဆွဲသွားလိုကြောင်း လည်း ရေးထားသည်။
You may also like these stories:
တရုတ်နိုင်ငံသားများ ပြန်သွားသဖြင့် ဝ နဲ့ မိုင်းလားတွင် စီးပွားရေးကျဆင်းနေ
မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော
မိုင်းလားမြို့က ညနတ်သမီးလေးတွေ