စစ်အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မိသားစုများသည် မြန်မာနိုင်ငံတွင် အမြင့်ဆုံး ဗုဒ္ဓဘာသာအာဏာပိုင်အဖွဲ့အစည်းဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးသို့ တက်ရောက်သော ဆရာတော်များကို မတ်လ ၈ ရက်နေ့တွင် ဆွမ်းကပ်လှူကြောင်း စစ်ကောင်စီထိန်းချုပ် သတင်းစာက ဖေါ်ပြသည်။
ထိုသတင်းသည် အသက် ၈၉ နှစ်ရှိပြီဖြစ်သော အာဏာရှင်ဟောင်းနှင့်ပတ်သက်သည့် ယခုနှစ်အတွင်း ပထမဆုံး တရားဝင်ထုတ်ပြန်သည့် သတင်းဖြစ်သည်။ စစ်အုပ်စု အကြီးအကဲအဖြစ်မှ နုတ်ထွက်ပြီး စစ်တပ်တွင် လက်ရှိ စစ်အာဏာရှင် မင်းအောင်လှိုင်အား သူ၏ ဆက်ခံသူအဖြစ်ရွေးခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဦးသန်းရွှေ၏ လှုပ်ရှားမှုများသည် နိုင်ငံပိုင်သတင်းစာတွင် ပါခဲလှသည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ထိုစစ်အာဏာရှင်ဟောင်းသည် စစ်ကောင်စီထိန်းချုပ်သတင်းစာတွင် ၂ ကြိမ်ပါခဲ့သည်။ ပထမတကြိမ်မှာ လွန်ခဲ့သောနှစ် နိုဝင်ဘာလက သံဃမဟာနာယက ကော်မတီကို ဆွမ်းကပ်ချိန်ကဖြစ်သည်။
ထိုကဲ့သို့သော ဆွမ်းကပ်လှူမှုများဖြင့် ကုသိုလ်ယူနေသော ဦးသန်းရွှေသည် ၂၀၀၇ ခုနှစ်က လမ်းပေါ်ထွက်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော ဗုဒ္ဓဘာသာသံဃာတော်များကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေးဟု လူသိများခဲ့သည်။
လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လွန်ခဲ့သောနှစ်က အာဏာမသိမ်းမီ ထိုအကြံအစည်အား ဦးသန်းရွှေကို အသိပေးခဲ့သည်ဟု သတင်းများကဆိုသည်။ ဦးသန်းရွှေကလည်း နှုတ်ဆိတ်သဘောတူခဲ့သော်လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့သည်ဟု နီးစပ်သူများက ဆိုသည်။
You may also like these stories:
မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်
စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ
စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်
အာဏာသိမ်းမျိုးစေ့ ချခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၆၀ ရှိပြီ