အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ဒု မြို့တော်ဝန် ဦးရဲမင်းဦး တို့အား အာဏာသိမ်း စစ်ကောင်စီက ယနေ့တွင် ထောင်ဒဏ် ၃ နှစ်စီ ထပ်မံ ချလိုက် ကြောင်း နီးစပ်သူများက ပြောသည်။
၎င်းတို့အနေဖြင့် တာဝန်ယူခဲ့စဉ် နေပြည်တော်ရှိ မြို့နယ်အချို့၌ မြေကွက်များ ဖော်ထုတ်ခြင်း၊ ရောင်းချခြင်းတို့နှင့် ပတ် သက်ပြီး နိုင်ငံတော် နစ်နာဆုံးရှုံးမှုများ ရှိခဲ့သည် ဟု စစ်ကောင်စီက စွပ်စွဲကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ဒေါက်တာ မျိုးအောင်အား ၅ မှုနှင့် ဦးရဲမင်းဦးအား၂ မှုစီ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုစွပ်စွဲ တရားစွဲမှုနှင့် ပတ်သက်ပြီး ၎င်းတို့အား နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးက တမှုလျှင် ထောင် ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သော်လည်း တပေါင်းတည်း ကျခံစေသည့်အတွက် နှစ်ဦးစလုံး ထောင်ဒဏ် ၃ နှစ်စီ ကျခံရမည် ဖြစ်သည်။
ဒေါက်တာ မျိုးအောင်အနေဖြင့် ယခင်ကလည်း စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုမှုများနှင့် ပတ်သက်ပြီး ထောင်နှစ် ၂၀ ချမှတ်ခံထားရသည့်အတွက် ယနေ့ ချမှတ်သည့် ထောင်ဒဏ် အပါအဝင် စုစုပေါင်း ထောင်ဒဏ်၂၃ နှစ် ချမှတ်ခံ ထားရပြီ ဖြစ်သည်။
ဦးရဲမင်းဦး အနေဖြင့်လည်း ယခင်က အဂတိမှုများဖြင့် စစ်ကောင်စီက စွပ်စွဲကာ ထောင် ၂၁ နှစ် ချမှတ်ထားသည့်အ တွက် ယနေ့ ချမှတ်သည့် ထောင်ဒဏ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားရပြီ ဖြစ်သည်။
လာမည့် အောက်တိုဘာ ၁၂ ရက်တွင်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ထံသို့ စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ် က လှူဒါန်းမှုနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား အဂတိမှု ၂ မှုဖြင့် တရားစွဲဆိုထားမှုအပေါ် နေပြည်တော် ထောင်တွင်း အထူးတရားရုံးက အမိန့်ချရန် ရှိနေသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်အပါ ၅ ဦးကို ထောင် ၃ နှစ်စီချ
ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ
နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ဒုမြို့တော်ဝန် ဦးရဲမင်းဦးအား ထောင်နှစ်ရှည်ချ