စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်း မှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။
ခမရ ၃၀၁ မှ အမည်မဖော်လိုသည့်အရာရှိတဦးက “KIA စခန်းတခုကို သွားတိုက်ခိုင်းတာ မတိုက်နိုင်ဘူးဆိုပြီး ငြင်းလို့ ဖမ်းသွားတာ။ အခုတော့ စစ်ဆေးနေတယ်” ဟု ပြောသည်။
ဖမ်းဆီးချုပ်နှောင်ခံထားရသော စစ်တက္ကသိုလ်အပတ်စဉ် ၄၆ (DSA-46) ကျောင်းဆင်း ဗိုလ်မှူး ဇေယျာထွန်းသည် တြိဂံတိုင်း စစ်ဌာနချုပ်မှ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ သို့ ယာယီတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့လာသူ ဖြစ် သည်။
CDM ဗိုလ်ကြီးတဦးက “အမိန့်မနာခံလို့ အဖမ်းခံလိုက်ရင် ထောင်ပဲကျမှာ၊ အသက်မသေဘူး။ သွားတိုက်ရင် ကိုယ် လည်း သေနိုင်တယ်၊ ကိုယ်ရဲဘော်တွေလည်း သေနိုင်တယ်။ အဲဒီတော့ အဖမ်းခံလာကြတာ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အချို့အား အမိန့် မနာခံမှုဖြင့် ဖမ်းဆီးခံထားရသူများ လာသည်။ အထူးသဖြင့် ကယားနှင့် ကရင်ပြည်နယ်တွင် စစ်ဆင်ရေးဝင်ရသော တပ်ရင်းတပ်ဖွဲ့များမှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအချို့ကို အမိန့်မနာခံမှုဖြင့် ဖမ်းဆီးထားသည်။
ပြီးခဲ့သည့်လတွင် ကယားပြည်နယ်သို့ စစ်ဆင်ရေးဝင်နေသော မင်းလှမြို့အခြေစိုက် ခလရ ၁ မှ DSA-45 ကျောင်း ဆင်း တပ်ရင်းမှူးအား အမိန့်မနာခံမှုနှင့် ဖမ်းဆီးထားကြောင်း အဆိုပါ တပ်အရာရှိက ပြောသည်။
ထို့ပြင်ဇူလိုင်လလယ်ပိုင်းကလည်း မြဝတီမြို့အနီး လက်ခတ်တောင်တွင် တာဝန်ကျနေသောတပ်မ ၄၄ လက်အောက်ခံ ခမရ ၂ တပ်ရင်းမှူးနှင့်ဒုတပ်ရင်းမှူးတို့ကို အမိန့်မနာခံမှုဖြင့် ဖမ်းဆီးခဲ့သည်။