• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ

by ဧရာဝတီ
7 January 2024
in Military, သတင်းတို
A A
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ

စစ်ကောင်စီတပ် လက်အောက်ခံ ဗိုလ်မှူးချုပ်များအား မန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထံ လက်နက်ချခဲ့အပြီး

16.7k
VIEWS
Share on FacebookShare on Twitter

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထံ လက်နက်ချခဲ့သော စစ်ကောင်စီတပ် လက်အောက်ခံ ဗိုလ်မှူးချုပ် ၆ ဦး အချုပ်ချခံထားရသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညနေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( လောက်ကိုင်) ရှိ ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်တို့အပါ ဗိုလ်မှူးချုပ် ၆ ဦးသည် MNDAA ထံလက်နက်ချခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့တွင် လားရှိုးမြို့သို့ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ကာ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အချုပ်ခန်းတွင် ချုပ်နှောင်ခဲ့ကြောင်း ယင်းအဖြစ်အပျက်နှင့် နီးစပ်သူ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
35
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
238
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
3.7k

ထို့နောက် ဇန်နဝါရီလ ၇ ရက်နေ့တွင် လားရှိုးမှနေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်ခဲ့ပြီး နေပြည်တော်တွင် ဆက်လက်အချုပ်ချထားကြောင်း သိရသည်။

စစ်တပ်၏ ထုံးစံအရ စစ်မြေပြင်တွင် တဖက်ရန်သူထံ လက်နက်ချ အဖမ်းခံရသူများ ပြန်လည်လွတ်မြောက်လာတိုင်း ထိုကဲ့သို့ အချုပ်ချထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကာ အရေးယူ မယူ ဆုံးဖြတ်လေ့ရှိသည်။

ဧရာဝတီက သိရှိနားလည်ထားသည်မှာ လောက်ကိုင်ရှိ မြန်မာစစ်တပ်များ လက်နက်ချခြင်းသည် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုကြောင့် ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ဆုံး သဘောတူခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီယိမ်း ပြည်တွင်းအခြေစိုက် သတင်းဌာန ပေါ်ပြူလာနယူးစ်ကို ဖြေကြားမှုတွင် “ဒေသခံတပ်မှူးများ”အနေဖြင့် အကောင်းဆုံး စဉ်းစားဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

လောက်ကိုင်တွင် လက်နက်ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဒကစ (လောက်ကိုင်) အား စစ်ကူပေးရန် ရောက်ရှိလာခဲ့ကြသော မြန်မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းများအားလုံး ပါဝင်ခဲ့ပြီး အရာရှိ ၂၂၈ ဦး၊ ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၆ ဦး၊ ရဲဘော်အဆင့် ၁,၈၉၅ ဦးနှင့် နမ်ထင်းမိန်ရှန်း တောင်ကုန်းမှ ၂၆၆ ဦးအပါအဝင် စုစုပေါင်း ၂,၃၉၅ ဦး ဖြစ်ကြောင်း သိရသည်။

MNDAA က ဝ နယ် နန့်တစ်မှတဆင့် ထွက်ခွါခွင့်ပေးခဲ့ကြောင်း သိရသည်။

စစ်ရေးလေ့လာစောင့်ကြည့်သူအချို့က လက်နက်ချလာသူများကို လားရှိုးမြို့ ကာကွယ်ရေးအတွက် ပြန်သုံးရမည် ဖြစ်သောကြောင့် ထိန်းသိမ်းခံ စစ်အရာရှိများ မကြာခင် ပြန်လွတ်မည်ဟု သုံးသပ်နေသည်။

You may also like these stories:

လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ

လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်သားသစ် အတင်းအကျပ် စုဆောင်းတဲ့အခါ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

Your Thoughts …
Tags: MNDAAကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူကိုးကန့်ဒေသလောက်ကိုင်အချုပ်ချ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

by ဧရာဝတီ
10 March 2024
41.5k

ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁) မှူး ဗိုလ်မှူးချုပ် မင်းမောင်အား စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး စစ်ခုံရုံးဖြင့် စစ်ဆေးနေ

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ

စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ

ကွတ်ခိုင်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်

ကွတ်ခိုင်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate