• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ပလက်ဝမြို့မရဲစခန်းကို AA သိမ်းပိုက်ထား

by ဧရာဝတီ
8 January 2024
in သတင်းတို
A A
ပလက်ဝမြို့မရဲစခန်းကို AA သိမ်းပိုက်ထား

ပလက်ဝမြို့ရှိ စစ်ကောင်စီ ခဝဲကုန်းဗျူဟာကို AA သိမ်းပိုက်ရရှိစဉ်/AA Info desk

3.4k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့မရဲစခန်းအား ရက္ခိုင့်တပ်တော် ( AA ) တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၆ ရက်နေ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စခန်းရှိ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်သားများ ဆုတ်ခွာ ထွက်ပြေးသွားပြီး စခန်းတခုလုံးကို AA တပ်ဖွဲ့ဝင်များက သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

ပလက်ဝမြို့နယ်အတွင်းက ဒေသခံတဦးက “ ပလက်ဝမြို့မရဲစခန်းက အစကတည်းက လက်နက်ချဖို့ အစီအစဉ် ရှိတယ်။ အဲဒါကို တပ်က ရိပ်မိလို့ ရဲလက်နက်တွေကို သိမ်းထားပြီးတော့ AA က တိုက်ခိုက်လာရင် ၂၈၉ တပ်ရင်းကို ဆုတ်ပြေးဖို့ ညွှန်ကြားထားတယ်လို့ပြောတယ်။ တကယ်တမ်း တိုက်တဲ့ အချိန်မှာလည်း ၂၈၉ တပ်ရင်းက လက်နက်ကြီးတွေ ပစ်ကူပေးပြီး တပ်ထဲသို့ ဆုတ်ပြေးသွားတယ်လို့ ကြားရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2.3k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
1k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
5.2k

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့၏ ယနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်တွင်လည်း ပလက်ဝမြို့ရှိ စစ်ကောင်စီဗျူဟာကုန်းကြီးနှင့် တပ်မများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် AA မှ ယနေ့ ဆက်လက် ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူနှင့် ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံနေသလို မီးဝဗျူဟာကုန်းအခြေစိုက်ရာ မီးဝကျေးရွာအနီးသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ရဲစခန်းအား AA က ဝင်ရောက်တိုက်ခိုက်သည့်အချိန်တွင် စစ်ကောင်စီဘက်မှ ပလက်ဝမြို့ပေါ်အား လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာမရပ်ကွက်နှင့် ပလုတ်တောင်ရပ်ကွက်ရှိ နေအိမ်တချို့ မီးလောင် ပျက်စီးသွားခဲ့ကြောင်း ၊ လက်ရှိအခြေအနေတွင် မြို့ပေါ်အား AA တပ်ဖွဲ့ဝင်များက ဝင်ရောက် ထိန်းချုပ်ထားကြောင်း သိရသည်။

ပလက်ဝမြို့ရှိ ချင်းလက်ဝစခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ/AA Info desk

ဇန်နဝါရီလ ၃ ရက်နေ့က ပလက်ဝမြို့ အနောက်ဘက် တာဝါတိုင်ကုန်း၌ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့အား AA က ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံးကြဲသည့်အတွက် မြို့ခံများအပါအဝင် မြို့ပေါ်ရပ်ကွက်ရှိ ဌာနဆိုင်ရာများအားလုံး တိမ်းရှောင်ခဲ့ရသလို စစ်ကောင်စီသည် မြို့အား လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

AA သည် ပလက်ဝမြို့နယ်အတွင်းရှိ မြိတ်ဝ ၊ ခဝဲ ၊ ရှင်းလက်ဝ ၊ ထရွန်အိုင် ၊ နုံးဘူးဗျူဟာကုန်းတို့ကို ဒီဇင်ဘာလအတွင်း အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သလို ဇန်နဝါရီ ၆ ရက်ညနေပိုင်းကလည်း ကျောက်တော်မြို့နယ် ၊ ကုလားတန်မြစ် ကမ်းဘေးရှိ စစ်ကောင်စီ အခိုင်အမာ စခန်းတခုဖြစ်သော တောင်ရှည် တောင်ဗျူဟာကုန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည်။

လက်ရှိအချိန်တွင် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အကြားရှိ စစ်ကောင်စီ၏ လက်နက်ဗျူဟာကုန်းများ ဖြစ်သော ဆမီးဗျူဟာကုန်း ၊ မီးဝ ဗျူဟာကုန်း ၊ ပလက်ဝတဖက်ကမ်းရှိ စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်းတို့သာ ကျန်ရှိကာ AA တပ်ဖွဲ့ဝင်များက ဝိုင်းပတ် ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီက လေကြောင်းဖြင့်သာ ရိက္ခာပို့နေရကြောင်း သိရသည်။

Your Thoughts …
Tags: ၂၈၉ တပ်ရင်းAAပလက်ဝမီးဝဗျူဟာကုန်းရဲစခန်းလေကြောင်းပစ်ကူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.4k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ

တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ

ကလေးထောင်မှ နိုင်ငံရေးအကျဉ်းသားများ ၂ နှစ်နီးပါးကြာ တိုက်ပိတ်ခံနေရ

ကလေးထောင်မှ နိုင်ငံရေးအကျဉ်းသားများ ၂ နှစ်နီးပါးကြာ တိုက်ပိတ်ခံနေရ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.2k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate