• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

by ဧရာဝတီ
14 January 2024
in သတင်းတို
A A
အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ရှည်တောင် ဗျူဟာကုန်းကို AA သိမ်းပိုက်ပြီးနောက် တွေ့ရပုံ/AA Info Desk

18.8k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဆင်ရေးဝင်နေသည့် စစ်ကောင်စီ တိုက်ခိုက်ရေးတပ်မတခု ဖြစ်သော မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေအား ရက္ခိုင်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၁ ရက်ညပိုင်းတွင် ပလက်ဝမြို့၌ စစ်ဆင်ရေးဝင်ရောက်နေသော အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၏ ရှေ့တန်းစခန်းအား AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေမှာ ထွက်ပြေးသွားခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဧရာဝတီ သတင်းရင်းမြစ်များက ဆိုသည်။

RelatedPosts

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
295
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
571
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
997

ပလက်ဝမြို့နယ်အတွင်းရှိ ၎င်းအထိုင်ချနေထိုင်သော ခလရ ၂၈၉ တပ်ရင်းအား AA ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နေချိန်တွင် ဗိုလ်မှူးချုပ်ဇင်မျိုးဆွေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအား “နှုတ်ဆက်ခဲ့ပါတယ်”ဟုပြောဆိုခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဇင်မျိုးဆွေသည် လက်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းယူထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အခြေချ စစ်ဗျူဟာ၏ ဗျူဟာမှူးဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် သို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အနီးရှိ စစ်ကောင်စီ၏ စကခ ၁၉ လက်အောက်ခံ ခမရ ၃၀၈ တပ်ရင်းအား ဇန်နဝါရီ ၆ ရက်နေ့က AA သိမ်းပိုက်ထားစဉ်/AA Info Desk

စစ်တပ်ထဲသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲသတင်းနှင့်ပတ်သက်၍ AAမှ သတင်းထုတ်ပြန်ထားခြင်းမရှိသော်လည်း ဒေသတွင်း သတင်းဌာနတခု ဖြစ်သည့် နိရဥ္စရာ သတင်းဌာနတွင် ဇန်နဝါရီ ၁၁ ရက်က ခလရ ၂၈၉ တပ်ရင်းကို AA က တိုက်ခိုက် သိမ်းပိုက်ထားပြီး တပ်မမှူး၊ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ဖမ်းဆီးရမိထားကြောင်း ဖော်ပြထားသည်။

AA ဖမ်းဆီးရမိထားသော ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၏ ကိုယ်ရေးအကျဉ်း

ဇန်နဝါရီလဆန်းပိုင်းမှစ၍ AA က ပလက်ဝမြို့နယ်အတွင်းရှိစစ်ကောင်စီစခန်းများအား တိုက်ခိုက်လျက်ရှိပြီး ဇန်နဝါရီ ၁၀ ရက်တွင် ပလက်ဝအခြေစိုက် စကခ ၁၉ လက်အောက်ခံ ခမရ-၃၀၈ တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီ ၁၂ ရက်တွင်လည်း ခလရ-၂၈၉ တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

AA သည် ပလက်ဝမြို့နယ်အား စစ်ကောင်စီကင်းစင်ဒေသဖြစ်ရမည်ဟုသော ရည်ရွယ်ချက်ဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိရာ လက်ကျန်ဗျူဟာစခန်းတခုဖြစ်သော ခန်ခတောင်ဗျူဟာစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီ ၁၃ ရက် ညနေ ၆ နာရီခန့်ကလည်း ပလက်ဝ-ကျောက်တော်အစပ်ရှိ မီးဝဗျူဟာကုန်း တခုလုံးအား အပြီးသတ် ထိန်းချုပ်ရယူနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

You may also like these stories:

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ

ပလက်ဝမြို့မရဲစခန်းကို AA သိမ်းပိုက်ထား

ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ အပစ်ရပ်သော်လည်း တိုက်ပွဲများ မရပ်

Your Thoughts …
Tags: AAစကခ ၁၉၊ ခလရ ၂၈၉၊ မီးဝဗျူဟာကုန်းပလက်ဝဗိုလ်မှူးချုပ် ဇင်မျိုးဆွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
မီဒီယာလုပ်ငန်းက မတရားမှုတွေကို တိုက်ဖျက်နိုင်မယ်

မီဒီယာလုပ်ငန်းက မတရားမှုတွေကို တိုက်ဖျက်နိုင်မယ်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate