• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်

by ဧရာဝတီ
17 January 2024
in သတင်းတို
A A
တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ပုံဟောင်း)/IRW

8.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တြိဂံတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ကျိုင်းတုံမြို့အား တိုက်ခိုက်မည် မဟုတ်ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ဇန်နဝါရီ ၁၆ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပန်နှင့် ပန်လုံမြို့တို့အား UWSA က လွှဲပြောင်းရယူပြီးနောက် ကျိုင်းတုံမြို့အား UWSA အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းများပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး မှန်ကန်မှု မရှိကြောင်း ရှင်းလင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

RelatedPosts

မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
1k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
1.9k
ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

8 May 2025
456

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးတာဝန်ရှိသူ ဦးညီရန်းက ကြေညာချက်မှာမှန်ကန်ကြောင်း ဧရာဝတီသို့ အတည်ပြုသည်။

ထိုကြေညာချက်တွင် UWSA အနေဖြင့် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ထိန်းသိမ်းသွားမည်ဖြစ်ပြီး လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးကိစ္စများတွင်လည်း ဘက်မလိုက်ခြင်း မပြုသကဲ့သို့ မည်သို့သော ပါဝင်စွက်ဖက်ခြင်းမျိုးမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောထားသည်။

ထို့ပြင် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်အထိ ကူမင်းမြို့၌ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီအကြားဆွေးနွေးပြီးနောက် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားမှုကို လက်နက်ကိုင်အဖွဲ့အားလုံးက လိုက်နာကြမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး”ဖော်ဆောင်ပြီးနောက် ရှမ်းမြောက်ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် စစ်ဘေးရှောင်ထွက်ပြေးခဲ့ရသည့် အရပ်သားပြည်သူများအား UWSA က ၎င်းတို့ထိန်းချုပ်နယ်မြေများ ၌ ခိုလှုံခွင့်ပေးခဲ့သည့်အပြင် လက်နက်ချသူများ၊ နေရပ်ပြန်မည့်အရပ်သားများကိုလည်း ၎င်းတို့နယ်မြေမှတဆင့် ဖြတ်သန်း ပို့ဆောင် ကူညီပေးခဲ့သည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၀ရက်က ဗဟိုဌာနချုပ် ပန်ခမ်းမြို့၌ ပြုလုပ်သော “ဝ”ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ (၃၅)နှစ်မြောက် ပါတီတည်ထောင်ခြင်း အခမ်းအနား/WSTV

ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် သမ္မတဟောင်း ဦးသိန်းစိန်က တာဝန်ယူခဲ့ဖူးသည့်အပြင် လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တိုင်းမှူးတာဝန်ယူခဲ့ဖူးသည်။ လက်ရှိ တိုင်းမှူးသည် ဗိုလ်ချုပ်အောင်ခိုင်ဝင်း ဖြစ်သည်။

ကျိုင်းတုံမြို့သည် မြောက်ပိုင်း “ဝ”ဒေသဟုခေါ်သည့် ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နှင့် တောင်ပိုင်း”ဝ”ဒေသဟုခေါ်သည့် မိုင်းဆတ်ခရိုင်တို့အကြားတွင် တည်ရှိသည်။

လက်ရှိတွင် UWSA သည် အာဏာသိမ်းစစ်ကောင်စီဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်လေ့ရှိပြီး မြောက်ပိုင်း “ဝ”ထိန်းချုပ်ဒေသနှင့် တောင်ပိုင်း “ဝ”ထိန်းချုပ်ဒေသအား ပေါင်းစည်းကာ “ဝ”ပြည်နယ်သတ်မှတ်ပေးရန် အစဉ်တစိုက်တောင်းဆိုလျက်ရှိသလို အာဏာသိမ်းစစ်ကောင်စီကလည်း မူအားဖြင့် သဘောတူကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

UWSA အနေဖြင့် လတ်တလောစစ်ဆင်ရေးများတွင် ပါဝင်မည်မဟုတ်ကြောင်းပြောထားသော်လည်း ဇန်နဝါရီ ၅ ရက်က ဟိုပန်မြို့ အား ညီနောင်မဟာမိတ်အဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် ၎င်းတို့ထံ လွှဲပြောင်းပေးသည်ကို လက်ခံရယူခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၁၁ ရက်တွင် ဒေသအုပ်ချုပ်ရေးအာဏာလွှဲပြောင်းပေးပွဲအခမ်းအနား ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်၌ ဟိုပန်နှင့်ပန်လုံမြို့တို့အား ၎င်းတို့၏တောင်းဆိုချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း UWSA ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

UWSA သည် မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် စစ်အင်အားနှင့် လက်နက်အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လက်ရှိစစ်ဆင်ရေးဖော်ဆောင်နေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် နိုင်ငံရေးမဟာမိတ်များဖြစ်သည်။

You may also like these stories:

“ဝ”ဒေသရှိ တရုတ်ကုမ္ပဏီများထံ လူကုန်ကူးခံရသူများ ထပ်မံ ရောင်းစားမည်ဟု ခြိမ်းခြောက်ခံရ

မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း

“၁၀၂၇ စစ်ဆင်ရေး” နှင့် ရက်ပေါင်း ၆၀

Your Thoughts …
Tags: ကျိုင်းတုံတြိဂံတိုင်းစစ်ဌာနချုပ်၊ UWSAထိုးစစ်ဆင်ဘက်မလိုက်အပစ်ရပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်

လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်

by ဧရာဝတီ
21 January 2025
12.3k

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဆွေးနွေးပွဲပျက်သွားတာ အဲဒါကြောင့်ပဲလေ၊ စစ်ကောင်စီက နေပြီးတော့ လားရှိုးကနေ ပြန်ဆုတ်ပေးဖို့တောင်းတာ အဲဒါ သဘောမတူခဲ့ဘူး။ အဲဒီသဘောမတူတဲ့ သဘောထားကတော့ အခုထက်ထိ ဆက်ပြီး ရှိဦးမှာပဲလို့ ကျနော်ကတော့ ယူဆပါတယ်

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

by စောရယ်
20 January 2024
10.2k

၁၀၂၇ စစ်ဆင်ရေး နယ်မြေတွင် ရှမ်းတိုင်းရင်းသားအများစု နေထိုင်သော မြို့များလည်း ပါဝင်သည်ဖြစ်ရာ ၎င်းတို့၏ သဘောထားသည်လည်း မေ့မထားအပ်ဘဲ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်သည်။

ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ အပစ်ရပ်သော်လည်း တိုက်ပွဲများ မရပ်

ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ အပစ်ရပ်သော်လည်း တိုက်ပွဲများ မရပ်

by ဧရာဝတီ
12 January 2024
7.8k

သဘောတူညီချက်အရ စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှု ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်ကလည်း စခန်းသိမ်းတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများ ရပ်တန့်ရမည် ဖြစ်သည်။

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

by ဧရာဝတီ
4 March 2024
7.6k

ယနေ့ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA)၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ၊ နယ်စပ်ဒေသ ထွက်ပေါက်များ တည်ငြိမ်ရေး ကိစ္စရပ်များအပေါ် စစ်ကောင်စီနှင့်...

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

by စောရယ်
29 January 2024
7.1k

မိုးမိတ်နှင့် မဘိမ်းမြို့တို့သည် စစ်ကိုင်းတိုင်းထဲရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များထံ ခဲယမ်းနှင့် လက်နက်များ ပို့ဆောင်နိုင်ရေးတွင် အရေးပါသော လမ်းကြောင်းတခုဖြစ်ပြီး တွင်းထွက်သယံဇာတများ ထွက်ရှိသည့်နေရာဖြစ်သဖြင့် စစ်ရေးအတွက်သာမက စီးပွားရေးအရပါ အရေးပါသော မြို့များဖြစ်ကြောင်း

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

by ဧရာဝတီ
2 July 2024
6.9k

ခလရ ၅၅သည် မူလက ဖဆပလ အစိုးရ၏ စစ်ရဲတပ်ရင်း(UMP) ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ခြေလျင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော သက်တမ်းရင့်တပ်ဖြစ်၍ ထိုစဉ်က သံတွဲခရိုင်ရှိ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)တပ်များ၊...

Next Post
အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate