• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မဘိမ်းမြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့ ထိန်းချုပ်

by ဧရာဝတီ
21 January 2024
in သတင်းတို
A A
မဘိမ်းမြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့ ထိန်းချုပ်

မဘိမ်းမြို့အား တိုက်ခိုက်ပြီးနောက် တွေ့ရသည့် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့/ Kachin news group

2.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ရှိ မဘိမ်းမြို့ကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ် (PDF) ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ကာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

မဘိမ်းမြို့သိမ်းတိုက်ပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၅ နာရီအချိန်မှ စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရဲစခန်းမှာ လက်နက်ချ အညံ့ခံခဲ့သလို မြို့စောင့်တပ် ကင်းစခန်း (စစ်တပ်ကုန်း) တို့ကိုပါ တိုက်ခိုက်နိုင်ခဲ့ပြီးနောက် မြို့အား ထိန်းချုပ်နိုင်ခဲ့ခြင်းဟု သိရသည်။

RelatedPosts

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
216
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
904

KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “မြို့ကို သိမ်းနိုင်ပြီလို့တော့ သိရတယ်။ ပြည့်ပြည့်စုံစုံတော့ မသိရသေးဘူး။ စစ်ကောင်စီက လေကြောင်းကနေ ပစ်နေတယ်ဆိုတာမျိုးလည်း သိရတယ်၊ အခြေအနေအသေးစိတ်ကို သိရရင်တော့ သတင်း ထုတ်ပြန်ပေးသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ တိုက်ပွဲတွင် မြို့ပေါ်ထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးပေါင်းများစွာ ကြဲချခြင်း ကြောင့် မြို့ခံအချို့ ထိခိုက်သေဆုံးမှုရှိပြီး ပိတ်မိနေသည့် ဒေသခံများလည်း ရှိကြောင်း သိရသည်။

ဒေသခံတဦးက “မဘိမ်းမှာက စစ်တပ် စခန်းကုန်းနဲ့ ရဲစခန်းကုန်းပဲ ရှိတယ်။ ရဲစခန်းက လက်နက်ချတယ်၊ စစ်တပ်စခန်း ကုန်းလည်း ကျသွားပြီလို့ သိရတယ်။ မဘိမ်းကျသွားပြီလို့ ပြောလို့ရတယ်။ မနက် ၉ နာရီကျော်လောက်ကတည်းက ပစ်ခတ် သံတွေ မကြားရတော့ဘူး။ မြို့ခံအများစုက တိုက်ပွဲမဖြစ်ခင်ကတည်းက တော်တော်များများ ထွက်သွားပြီဖြစ်လို့ အနည်း အကျင်းလောက်ပဲ ပိတ်မိခဲ့တာမျိုးပဲ ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။

မဘိမ်းမြို့အား တိုက်ခိုက်ပြီးနောက် တွေ့ရသည့် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့/ Kachin news group

မဘိမ်းမြို့ရှိ စစ်တပ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းအတွင်း ဝင်ရောက်နေသည့် ရုပ်သံမှတ် တမ်းများလည်း လူမှုကွန်ရက်၌ ပျံ့နှံ့နေသလို ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှလည်း အထိ နာပြီး သေဆုံးမှု များပြားကြောင်း၊ ယခုအခါ ပူးပေါင်းတပ်ဖွဲ့များက ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

မြို့ခံ နောက်တဦးက “လေယာဉ်နဲ့က မနက်ပိုင်းအထိ ပစ်တာ၊ မနေ့က တနေ့လုံး တညလုံး ချနေကြတာ၊ တိုက်ပွဲပြင်းထန်နေ တော့ မြို့ထဲ ပိတ်မိတာတွေလည်း ရှိတယ်၊ မြို့ကကျဉ်းတော့ ထွက်ပေါက်က အများကြီး မရှိဘူးလေ၊ အဲဒါကြောင့် ပစ်ခတ် နေတဲ့ကြားထဲကနေ မြို့ကို ဖောက်ထွက်ဖို့ဆိုတာ မလွယ်တာမို့ ပိတ်မိကုန်ကြတာ။ မိုးမိတ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေက တည်းက မဘိမ်းဘက်လည်း တိုက်ပွဲတွေ ကူးစက်လာနိုင်တယ်ဆိုတဲ့ အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြို့ခံအများစုကတော့ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့တာတွေ ရှိတယ်” ဟု ပြောသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ဒဏ်ရာ အပြင်းအထန်ရရှိသွားသည့် မဘိမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇာနည်‌မောင် မှာ ယနေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီအနေဖြင့် သီးခြား အတည်မပြု နိုင်သေးပေ။

မဘိမ်းမြို့နယ်သည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နယ်စပ်နှင့် ထိစပ်နေသော မြို့နယ်တခုဖြစ်သလို လတ်တ လောတိုက်ပွဲများ ပြင်းထန်နေသည့် မိုးမိတ်မြို့နယ်နှင့်လည်း ထိစပ်နေကာ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၆ စု၊ ကျေးရွာ ပေါင်း ၄၈ ရွာ၊ လူဦးရေ ၄၁၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

စတုရန်းမိုင် ၁၇၆၄ ဒသမ ၉၆၁ မိုင် ကျယ်ဝန်းသော မဘိမ်းမြို့နယ်သည် မြောက်ဘက်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်၊ အရှေ့ဘက်တွင် ကချင်ပြည်နယ် မန်စီမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ တောင်ဘက်တွင် မန်တုံမြို့နယ်၊ မိုးမိတ်မြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်များနှင့် ထိစပ်နေသည်။

ထို့အတူ မိုးမိတ်မြို့၌ ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေ ကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများပါ ထိမှန်သေဆုံးမှုများရှိကြောင်း သိရသည်။

မဘိမ်းမြို့အား တိုက်ခိုက်ပြီးနောက် တွေ့ရသည့် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့/ Kachin news group

မိုးမိတ်မြို့ခံတဦးက “တမြို့လုံး မီးလောင်ပြင်နီးနီး ဖြစ်နေတယ်။ လေယာဥ်ကတော့ အဆက်မပြတ်လာပြီး ဗုံးကြဲချနေတာပဲ၊ နမ့်ခမ်းအင်းရွာဘက်က အမျိုးသမီးတဦးနဲ့ မြို့ခံ ၃ ယောက်လောက် သေတယ်၊ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာလည်း မြို့ထဲကို စစ်တပ်ဝင်လာပြီးတော့ မြင်သမျှကို ပစ်နေတာ၊ အရပ်သား ၁၀ ဦးထက်မနည်း ပစ်သတ်ခံထားရတာရှိတယ်။ တိုက်ပွဲ ပြင်း ထန်နေဆဲဆိုတော့ ဘယ်သူတွေ သေဆုံးတယ်ဆိုတာမျိုးတော့ မသိရသေးဘူး” ဟု ပြောသည်။

ယခုအခါ မိုးမိတ်မြို့တွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် နေရာယူထားကြောင်း သိရသည်။

“မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေက ကိုယ့်အိမ်နဲ့ ဗုံးခိုကျင်းတွေထဲမှာပဲ နေနေရတဲ့အခြေအနေမှာ ရှိ တယ်။ စစ်တပ်က မြို့ထဲထိဝင်လာပြီးတော့ ပစ်ခတ်တာတွေလည်း လုပ်နေကြတယ်၊ အိမ်တွေထဲထိ ဝင်ပြီး ဖုန်းတွေကို သိမ်းတယ်၊ ကျောပိုးအိတ်အနက်ရောင် လွယ်ထားတာမျိုး တွေ့ရင် ပစ်တယ်၊ အလောင်းတွေကတော့ မကောက်နိုင်တာတွေ ရှိတယ်၊ အချို့ အိမ်ထဲမှာပဲ သေနေတာမျိုးတွေလည်း ရှိနိုင်တယ်” ဟု မိုးမိတ်မြို့ခံနောက်တဦးက ဆိုသည်။

မိုးမိတ်တိုက်ပွဲတွင် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် မြောက်ပိုင်းရပ်ကွက်ရှိ မြို့မ စျေးကြီးမှ ဆိုင်ခန်း ၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့သလို တိမ်းရှောင်ကြသူများသည် မိုးကုတ်၊ မန္တလေးနှင့် ဘေးလွတ် သည့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ပိတ်မိနေသည့် ဒေသခံများလည်း ရှိနေဆဲဟု သိရသည်။

မိုးမိတ်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၄၈ ခြေမြန်တပ်ရင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ ၂၁) ၏ ဗျူဟာတခုနှင့် အမှတ် ၂၂၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၇၆ ခြေလျင်တပ်ရင်း တို့ အခြေစိုက်ထားသည်။

မိုးမိတ်မြို့ကို KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်နေခြင်းဖြစ်သည်။

You may also like these stories:

မန္တလေးတိုင်းရှိ ရှေးဟောင်းမြို့များကို စစ်မီးဘေးမှ ကာကွယ်ရန် NUG ကြိုးစား

ဖားကန့်က ဝှေခါတပ်စခန်းကို KIA သိမ်း

Your Thoughts …
Tags: KIAစစ်ကောင်စီတိုက်ပွဲမဘိမ်းမြို့မိုးမိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒီပဲယင်း ဒေသခံ ၁၅ဦး စစ်ကြောင်းက ဖမ်းဆီး၊ ၅ ဦး သတ်ဖြတ်ခံရ

ဒီပဲယင်း ဒေသခံ ၁၅ဦး စစ်ကြောင်းက ဖမ်းဆီး၊ ၅ ဦး သတ်ဖြတ်ခံရ

တိုက်ပွဲများကြား အခက်ကြုံနေသည့် ကြံတောင်သူများ

တိုက်ပွဲများကြား အခက်ကြုံနေသည့် ကြံတောင်သူများ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate