တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် ၇ ဖွဲ့က မဟာမိတ်စုဖွဲ့မှု ပုံစံသစ်ဖြင့် 7 EAO Alliance ဆိုကာ ယနေ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေ ညာ သည်။
ယမန်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဆွေးနွေး ပွဲ ကျင်းပနေခြင်းဖြစ်ပြီး ယနေ့တွင် စုဖွဲ့မှုပုံစံသစ် ဖွဲ့စည်းရန် ဆွေးနွေး သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။
မဟာမိတ်အဖွဲ့သစ်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (MNSP) မှ နိုင်အောင်မင်းက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ မည် ဖြစ်သည်။
ထို့ပြင် အတွင်းရေးမှူးအဖွဲ့အနေဖြင့် RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းက အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်က တွဲဖက် အထွေ ထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင်များအနေဖြင့် MNSP က နိုင်အောင်မငေး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးချုပ် စောစိန်ဝင်း၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)က ကျာယာကုပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်နှင့် PNLO က အဖွဲ့ဝင်တဦးတို့ ပါဝင်ပြီး မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ တာဝန်များရပ်ဆိုင်းကြောင်း ကြေညာခံ ထား သည့် ရဲဘော် မျိုးဝင်းက Coordinator (ညှိနှိုင်းရေးမှူး) အဖြစ် ပါဝင်လျက်ရှိသည်။
နှစ်ရက်တာ ဆွေးနွေးပွဲတွင် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ကိုယ်စားလှယ်အချို့တက်ရောက်ခဲ့သော်လည်း အတွင်းရေးမှူးအဖွဲ့၌ ပါဝင်သူအား အမည်တပ် ဖော်ပြခဲ့ခြင်း မရှိပေ။
မဟာမိတ်အဖွဲ့သစ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများအကြား နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ ဆုံဆွေးနွေးမှုနှင့် အဖြေရှာရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော ဆွေးနွေးပွဲဖြစ်မြောက်ရေးနှင့် ပဋိပက္ခများကြား ထိ ခိုက်နစ်နာခဲ့သည့် ပြည်သူများအား ကာကွယ်ပေးနိုင်ရေး စသည့်လမ်းကြောင်းပေါ်တွင် ဆက်လက် ရပ်တည် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့် က ဧရာဝတီကို ပြောသည်။
ယခင်က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) အနေဖြင့် ဖွဲ့စည်း ရပ်တည်ခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အဖွဲ့ဝင်များကြား သဘောကွဲလွဲမှုများဖြစ်ခဲ့ပြီး စုဖွဲ့မှုယုတ်လျော့လာသည့်အတွက် စုဖွဲ့မှုအသစ်တခုအား ကြိုးပမ်းလာ ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “PPST ရဲ့ စုဖွဲ့မှုက တိုးတက်လာမှုမရှိဘဲနဲ့ တဖြည်းဖြည်း ယုတ်လျော့သွားတဲ့အပိုင်းမှာ ကျနော်တို့ ရှေ့ဆက်သွားလိုတဲ့ သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ အမှန် တကယ် အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က နေ အတူတကွ သွားနိုင်လောက်တဲ့ စုဖွဲ့မှုအသစ်တခုနဲ့ သွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်ချက်ဖြစ်ပါတယ်” ဟု ဆိုသည်။
PPST အဖွဲ့၌ ယခင်ပါဝင်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ABSDF တို့သည် စစ်ကောင်စီအား ဦးဆောင်တော်လှန်တိုက်ခိုက်နေသော အဖွဲ့များဖြစ်ပြီး PNLO/PNLA နှင့် MNSP တို့၏ တပ်ဖွဲ့ဝင် အများစုမှာလည်း လတ်တလောတွင် စစ်ကောင်စီကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။
ယမန်နေ့ ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီး ယွက်စစ်က ၎င်းတို့ လက်နက်ကိုင် ၇ ဖွဲ့ အနေဖြင့် ထိန်းချုပ်ဒေသများ၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ အုပ်ချုပ်ရေးစနစ် စတင်လုပ်ဆောင်ရန် ထည့်သွင်း ပြောဆိုခဲ့ သော်လည်း ထိုအချက်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲအတွင်း အစီအစဉ်တခုအနေဖြင့် ထည့်သွင်းဆွေးနွေးခြင်း မရှိခဲ့ ကြောင်းလည်း သိရသည်။
You may also like these stories :
မြန်မာကို ကြားကာလ နိုင်ငံတော်အဖြစ် ရှုမြင်ခြင်း
အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော