ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် ၃ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက” မြက်တွေကရှည်တော့ ဆရာမက ကလေးတွေကို မြက်နုတ်ခိုင်းတာ။ အဲဒီမှာ ကလေးက ဗုံးကိုနင်းမိပြီး ပေါက်သွားတာ။ တတိယတန်းက ကလေးကတော့ ပွဲချင်းပြီး သေသွားတယ်။ ၂ ယောက်ကတော့ ဆေးရုံမှာဆုံးတယ်။ ခြေဖြတ်ရမယ့် ကလေးတွေလည်းရှိတယ်။ မျက်နှာတွေ ဆီးအိမ်တွေထိပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရတာတွေလည်း ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၃ရက်တွင် စာသင်ကျောင်းနှင့် အနည်းငယ်သာကွာဝေးသော အိမ်ရှေ့ပြင်ဂိတ်၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း ကျန်ခဲ့သည့် ဗုံးဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက” မိုးတွင်းမြေက ပျော့နေတာဆိုတော့ သူတို့ဗုံးသီးတွေက မြေကြီးထဲ စိုက်နေကြတာ။ မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးသီးတွေက ရပ်ကွက်ထဲမှာတောင် ကျန်နေတာ။ ကျောင်းမဖွင့်ခင် တာဝန်ရှိသူတွေက အရင်စစ်ပေးသင့်တယ်။ ဒီလိုအချိန်မှာ မြက်နုတ်ခိုင်းတာကိုလည်း ကျနော်တို့ တော်တော်လေးကိုမှ အံ့ဩမိတယ် “ဟု ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ကျောင်းရှိ ကလေးငယ်များမှာ ကြောက်ရွံ့မှု ခံစားနေရပြီး ကျောင်းတက်ရန် စိုးရိမ်စိတ်များ ရှိနေကြကြောင်း ဒေသခံများက ပြောသည်။
You may also like these stories:
မြိတ်- ထားဝယ်လမ်းပေါ်ရှိ ပဲဒက်စခန်း စစ်တပ် ပြန်သိမ်း
တနင်္သာရီတွင် စစ်တပ်က ရိက္ခာ၊ ဆေးဝါးသယ်ခွင့် ကန့်သတ်
တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR