အမေရိကန် ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီတခု ဖြစ်တဲ့ Decagon ကုမ္ပဏီက ဖောက်သည်တွေ အတွက် ပိုမိုကောင်းမွန်စေတဲ့ နည်းပညာ ဝန်ဆောင်မှု မြှင့်တင်ဖို့ ဒေါ်လာ ၃၅ သန်း ထောက်ပံ့ ကူညီမှု ရရှိသွားပါတယ်။
Decagon ကုမ္ပဏီဟာ နည်းပညာ ဝန်ဆောင်မှု စွမ်းရည်ကို ပိုမိုကောင်းမွန်လာစေဖို့ အတွက် Generative AI ကို အသုံးပြု မြှင့်တင်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Generative AI ဆိုတာကတော့ ပုံတွေ၊ စာတွေ၊ ဗီဒီယို နဲ့ တခြား အချက်အလက်တွေကို AI နည်းပညာ သုံးပြီး ထုတ်လုပ် ပေးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
AI နည်းပညာ ဝန်ဆောင်မှု ရောင်းချတဲ့ Decagon က ရရှိတဲ့ ကူညီထေက်ပံ့မှု ရန်ပုံငွေကတော့ အလားအလာ ရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေကို ကူညီပျိုးထောင်ပေးတဲ့ Series A ရန်ပုံငွေ အမျိုးအစား ဖြစ်တယ်လို့ ကုမ္ပဏီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောကြားကြောင်း Reuters သတင်းမှာလည်း ဖော်ပြထားပါတယ်။
အဲဒီလို အလားအလာ ရှိတဲ့ ကုမ္ပဏီတွေကို ငွေကြေးမတည် ကူညီပေးနေတဲ့ Accel နဲ့ Andreessen Horowitz ရန်ပုံငွေ အဖွဲ့အစည်း ၂ ခုက ပူးပေါင်း ကူညီထောက်ပံ့ပေးခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Accel ကုမ္ပဏီရဲ့ အဖွဲ့ဝင်တဦး ဖြစ်တဲ့ Ivan Zhou က “Decagon ရဲ့ Product ဟာ ထူးခြားမှုရှိပြီး AI နည်းပညာသုံး ကိုယ့်ဖောက်သည်ကို ပံ့ပိုးမှု ဆိုတာထက်သာလွန်ပြီး ကုမ္ပဏီတခုရဲ့ အားကိုးရတဲ့ ဖောက်သည် ဝန်ဆောင်မှုနဲ့ ဆက်ဆံရေး ဆိုင်ရာ တာဝန်ခံ တဦးကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ Software မှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ မှတ်တမ်းတင် စာရင်းပြုစုဖို့ ရေးသားတဲ့ အစီရင်ခံစာများ ဖန်တီးပေးခြင်း၊ Product အဆင့်မြင့် တိုးတက် စေဖို့ အတွက် ဖောက်သည်ဘက်က ပေးပို့လာတဲ့ အကြံပြုစာများကို သုံးသပ်စိစစ်ခြင်း ဒါမှမဟုတ် ကုမ္ပဏီရဲ့ ဖြစ်စဉ် အားလုံး၊ သတင်း အချက်အလက် အားလုံးကို မှတ်တမ်းတင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေကိုလည်း လုပ်ဆောင်ပေး ပါတယ်”လို့ ပြောပြသွားပါတယ်။
Ref : Reuters