၀င်းနိမ္မတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်သည့် ဖြစ်စဉ်အပေါ် စစ်ဆေးခံနေရသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်ကို ရာထူးမှ အနားပေးကာ ဗိုလ်ချုပ် အောင်ခိုင်ဝင်းအား တိုင်းမှူးအဖြစ် အစား ထိုးခန့်အပ်လိုက် ကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ PDF များ ပစ်ခတ်သည်ဟု စစ်ကောင်စီ သတင်းထုတ် ပြန်ခဲ့ပြီးနောက် ဆရာတော်နှင့်အတူလိုက်ပါသွားသည့် ကန်သုံးဆင့်ဆရာတော်က ဖြစ်စဉ်အမှန်အား သံဃာတော်ထုအား ပြောကြားရာ ဗိုလ်ချုပ် ကြည်ခိုင် အပါအဝင် စစ်တပ်အရာရှိအချို့ကို ဇွန်လကုန်ပိုင်းမှစ၍ စစ်ဆေးခဲ့ကာ ထိုသို့ ရာထူးမှ အနားပေးလိုက်ခြင်း ဖြစ်သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအသစ်ဖြစ်လာသူ ဗိုလ်ချုပ် အောင်ခိုင်ဝင်းသည် ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်း စစ်ဌာချုပ် တိုင်းမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၆ (DSA-36) ကျောင်းဆင်းတဦးလည်း ဖြစ် သည်။
လက်ရှိအချိန်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်နယ်မြေဖြစ်သော မိုးကုတ်နှင့် မတ္တရာဒေသတို့တွင် စစ်ကောင်စီ တပ်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)/ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တော် လှန်ရေး တပ်ပေါင်းစုကြား တိုက်ပွဲများ ပြင်းထန်နေပြီး တိုင်းမှူးအသစ်အနေဖြင့်လည်း စိန်ခေါ်မှုများစွာ ကြုံတွေ့ရမည် ဖြစ် သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်း ဆောင်ခဲ့သူများအား နောက်တဆင့် ရာထူး တိုးပေးခဲ့သော်လည်း ဗိုလ်ချုပ် ကြည်ခိုင်ကိုမူ ၀င်းနိမ္မတာရုံဆရာတော်ကိစ္စနှင့် ပတ်သက်၍ တိုင်းမှူးမှ အနားပေးခဲ့ခြင်းဖြစ်သည်။
You may also like these stories:
ဝင်းနိမ္မိတာရုံဆရာတော် အသတ်ခံရမှု စစ်ခေါင်းဆောင် တောင်းပန်
ဝင်းနိမ္မိတာဆရာတော်အား စစ်တပ် ပစ်ခတ်ဟု အတူလိုက်ပါသည့် ဆရာတော် မိန့်
နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ