ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မေတ္တရိပ် မြန်မာစာသင်ကျောင်း အပိတ်ခံရပြီးနောက် ပညာရေးဝန်ကြီးဌာနက ခရိုင်အတွင်း တရားမဝင်ဖွင့်ထားသော မြန်မာကျောင်း ၆ ကျောင်းကို ထပ်မံပိတ်လိုက်ကာ တခြားသော ခရိုင်များတွင် လည်း စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တို့က အမိန့်ထုတ်ကြောင်း Bangkok Post သတင်းကဆို သည်။
မေတ္တာရိပ်ကျောင်း၌ ကျောင်းသား ၁၂၀၀ တက်ရောက်နေပြီး မြန်မာဆရာ ဆရာမ ၂၈ဦး၊ ထိုင်းဆရာမ ၅ ဦး သန့်ရှင်း ရေး ဝန်ထမ်း ၃ ဦးဖြင့် လည်ပတ်နေကာ ကျောင်းသားများ ထိုင်းနှင့် မြန်မာနိုင်ငံတော်သီချင်းကို စုဝေး သီဆိုသော ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပျံ့သွားပြီးနောက် ထိုင်းပညာရေးဝန်ကြီးဌာနထံ အတိုင်ခံရပြီး စက်တင်ဘာ ၄ ရက်က ပိတ်လိုက်ခြင်းဖြစ်သည်။
ထိုတိုင်ကြားမှုကြောင့် ထိုင်ပညာရေးဝန်ကြီး Pol Gen Permpoon Chidchob နှင့် အမြဲတမ်းအတွင်းဝန် Suthep Kaengsanthia တို့က ခရိုင်ဒေသအားလုံးတွင် အလားတူ သင်ကြားရေးစင်တာများရှိမရှိ စုံစမ်းစစ်ဆေးရန် အမိန့်ထုတ် ခဲ့ခြင်းဖြစ်သည်။
စူရတ်ဌာနီခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး Sukont Noopakdee ၏ အဆိုအရ ထိုပိတ်သိမ်းခံရသော မေတ္တာရိပ်ကျောင်း သည် တရားမဝင် ဖွင့်လှစ်ထားသော စင်တာတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ် ကတည်းက ခရိုင်ပညာရေးဝန်ကြီး ဌာနမှ ပိတ်ရန် ညွှန်ကြားထားသော်လည်း မပိတ်ဘဲ မြန်မာကျောင်းသား ၁၂၅၀ ခန့် မှာ အဆိုပါ စင်တာတွင် ဆက်လက် ပညာသင်ယူနေကြဆဲဖြစ်ကြောင်း ပြောသည်။
ယခုအခါ စူရတ်ဌာနီခရိုင် ရဲဌာနအနေဖြင့် ဒီကိစ္စနဲ့ပတ်သက်၍ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ဖို့နဲ့ အဆိုပါ စင်တာ ပြန်လှည် မဖွင့်လှစ်စေရေး ဆောင်ရွက်ဖို့ ခရိုင်ပညာရေး ဝန်ကြီးဌာနမှ တောင်းဆိုထားသည်။
ထိုဖြစ်ရပ်အပြီး မေတ္တာရိပ် မြန်မာစာသင်ကြားရေး ကျောင်းအပါအဝင် ခရိုင်အတွင်းရှိ မြန်မာစာသင်ကျောင်း ၆ကျောင်း ကိုပါ ပိတ်သိမ်းလိုက်ကြောင်း စူရတ်ဌာနီ ခရိုင်လက်ထောက်အုပ်ချုပ်ရေးမှူး Sukont Noopakdee ကပြော သည်။
အစိုးရ အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် အဆိုပါ သင်ကြားရေးစင်တာများနှင့် ဆက်နွယ်သော ဝန်ထမ်းများအား အလုပ် လုပ်ခွင့်ပါမစ်နှင့် တရားဝင် နေထိုင်ခွင့်ရှိမရှိကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလုပ်သမားများ အကာအကွယ်ပေးရေး ကွန်ယက် (LPN) ၏ ဒါရိုက်တာ Sompong Srakaew ကမူ မြန်မာနိုင်ငံ ပြည်တွင်း ပဋိပက္ခများကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ကာ ရွှေ့ပြောင်းရောက်ရှိလာသော ကလေးများအတွက် နေစရာ နှင့် အကာအကွယ်များလည်း လုပ်ဆောင်ပေးသင့်ကြောင်း ပြောဆိုထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီပြည်နယ်သည် စက်ရုံ၊ အလုပ်ရုံ၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ရာမြို့ဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိသည့် ဒေသဖြစ်သည်။
You may also like these stories:
ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ