• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
27 September 2024
in သတင်းတို
A A
သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

သီပေါမြို့ပေါ်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ/ TNLA

5.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ပေါ်ကို ထိန်းချုပ်ထားသည့် ပလောင် (တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က မြို့ မြောက်ဘက် နှစ်မိုင်အကွာရှိ ခြေမြန်တပ်ရင်း ခမရ-၅၀၃ နှင့် ခမရ-၅၀၄ ဌာနချုပ် နှစ်ခုတို့ကို ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ထိုတပ်ရင်း နှစ်ခုသည် TNLA ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ လေကြောင်းပစ်ကူယူ၍ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ဧရာ၀တီသို့ ပြောသည်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.3k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

10 July 2025
3.7k
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
327

၎င်းက “ ခမရ-၅၀၃ တပ်ရင်းကို မနေ့ညက သိမ်းပိုက်နိုင်တယ်။ ဒီမနက်က ခမရ-၅၀၄ တပ်ရင်းကို သိမ်းပိုက်နိုင်တယ်။ သူတို့(စစ်ကောင်စီ)က စခန်းထဲကနေ ထွက်ပြေးကြတာ။ လက်နက်တွေ သိမ်းဆည်းရမိတာရှိသလို စစ်သုံ့ပန်းတွေ ဖမ်းမိတာလည်း ရှိတယ် “ ဟု ပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်မြေတဆက်တည်းရှိသည့် ခြေလျင်တပ်ရင်း ခလရ-၂၃ ဌာနချုပ်သို့ သွားရောက် ပူးပေါင်းရန် ကြိုးစားသော်လည်း TNLAက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ခလရ-၂၃ တပ်ရင်းကို အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရသည်။

သီပေါမြို့ထဲတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ/ TNLA

လက်ရှိ သီပေါမြို့နယ်တွင် ခလရ-၂၃ တပ်ရင်းတခုသာ ကျန်ရှိတော့ပြီး ထိုတပ်ရင်းအား သိမ်းပိုက်နိုင်လျှင် TNLA က မြို့ကို အလုံးစုံရရှိမည် ဖြစ်သည်။

ယနေ့ နံနက်အစောပိုင်းနှင့် မွန်းလွဲပိုင်းအချိန်များတွင် တိုက်ပွဲဖြစ်ပွားရာဝန်းကျင်သို့ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-12 ထောက်ပို့ လေယာဉ်များဖြင့် ဗုံးအလုံးရေ ဆယ်နှင့်ချီ အသုံးပြု တိုက်ခိုက်နေပြီး မြေပြင်တိုက်ပွဲ ပြင်းထန်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

နေ့စဉ် တိုက်ပွဲဆက်နေသည့် သီပေါ ထိုးစစ်အခြေနေနှင့် ပတ်သက်ပြီး TNLAဘက်မှ ရက်အတန်ကြာအထိ သတင်းထုတ်ပြန်မှု မရှိဘဲ စက်တင်ဘာ ၂၃ ရက် နေ့လယ် ၃ နာရီခန့်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲအနီး နားလွယ်ကျေးရွာမှ ပြည်သူ(၄)ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်၌ နောက်ဆုံးထုတ်ပြန်ခဲ့သည်။

ယခု အပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းအားပြု ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရှိနေပြီး Y-12 ထောက်ပို့လေယာဉ်များ ဖြင့် လက်နက်ရိက္ခာများ ချပေးနေရသလို ကင်းထောက်ဒရုန်းများလည်း တနေကုန်နီးပါး ပျံဝဲနေကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ သီပေါမြို့ပေါ်တွင် လေကြောင်းရန် စိုးရိမ်နေရ၍ TNLA က ဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထားပြီး ည မထွက်ရအမိန့်ကို ယာယီကြေညာထားကြောင်း မြို့ခံများထံမှ သိရသည်။

စက်တင်ဘာ ၂၃ ရက်က သီပေါအား စစ်တပ်လေကြောင်း ဗုံးကြဲ၍ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့/ TNLA

ဩဂုတ်လ တတိယအပတ်မှစ၍ သီပေါမြို့ကို စတင်စီးနင်းခဲ့သည့် TNLA က ထိုတပ်ရင်းသုံးရင်းကို ပိတ်ဆို့ဖြတ်တောက်ကာ လက်နက်ချ၍ မြို့မှ ထွက်ခွာသွားရန် ကမ်းလှမ်းခဲ့သော်လည်း စစ်ကောင်စီတပ်က လက်နက်များယူဆောင်၍ ထွက်ခွာမည်ဟု အကြောင်းပြန်သောကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

TNLA အနေဖြင့် သီပေါမြို့ကို ရရှိလျှင် နမ္မတူမြို့နှင့် လွတ်လပ်စွာ ကုန်စည်စီးဆင်းနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ မြောက်ပိုင်း မဟာမိတ်တပ်များ တည်ငြိမ်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။

သီပေါမြို့ အနောက်ဘက် ကပ်လျက်တည်ရှိသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) သိမ်းယူထိန်းချုပ်ထားသော လားရှိုးမြို့နှင့် MNDAA ရှေ့တန်းတပ်စခန်းရှိသည့် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတို့ကို ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

You may also like these stories:

သီပေါကို အပြီးသတ်သိမ်းရန် TNLA အပြင်းအထန် ထိုးစစ်ဆင်

တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်

တိုက်ပွဲပြင်းထန်နေသည့် သီပေါတွင် အရပ်သားထိခိုက်သေဆုံးမှု ရှိ

သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

Your Thoughts …
Tags: ၅၀၄TNLAခမရ ၅၀၃စစ်တပ်စစ်သုံ့ပန်းညမထွက်ရမြောက်ပိုင်းမဟာမိတ်သီပေါ
မိုင်းခြိူဝ်းဇာရ်

မိုင်းခြိူဝ်းဇာရ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
တရုတ်ဆီက တိုက်ခိုက်ရေးလေယာဥ်သစ် ၆ စီးကို စစ်ကောင်စီရရှိထား (ရုပ်/သံ)

တရုတ်ဆီက တိုက်ခိုက်ရေးလေယာဥ်သစ် ၆ စီးကို စစ်ကောင်စီရရှိထား (ရုပ်/သံ)

အကွက်တွေ လှတယ်

အကွက်တွေ လှတယ်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

7 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.7k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate