• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အင်းစိန်အထည်ချုပ်စက်ရုံမှ သမဂ္ဂဖွဲ့သော အလုပ်သမားများကို တရားစွဲ

by ဧရာဝတီ
28 April 2025
in သတင်းတို
A A
အင်းစိန်အထည်ချုပ်စက်ရုံမှ သမဂ္ဂဖွဲ့သော အလုပ်သမားများကို တရားစွဲ

၂၀၂၀ ဧပြီလတွင် လှိုင်သာယာစက်မှုဇုန်တွင် အလုပ်ဆင်းနေသည့် အလုပ်သမားများ/ဧရာဝတီ

1.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စက်မှုဇုန် ၃ ရှိ Golden Colour Fashion အထည်ချုပ်စက်ရုံမှ အလုပ်သမားများ သမဂ္ဂ ဖွဲ့မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက် ညနေပိုင်းတွင် စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မေလပြည့်မိုး၊ အလုပ်အမှုဆောင် ခိုင်ဇင်ဝေ၊ အေးမြနန္နာနှင့် အေးမြတ်ခိုင် အလုပ်သမား ၄ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဝတ်လူတချို့ အင်းစိန် ရွာမ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ Golden Colour Fashion အထည်ချုပ်စက်ရုံမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
1.9k
ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

8 May 2025
464
လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

1 May 2025
1.4k

ထို့နောက် ယင်းအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ကူညီပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချူပ် (STUM) ကိုပါ ၆၆(ဃ) ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ Golden Colour Fashion အထည်ချုပ်စက်ရုံပိုင်ရှင်သည် ၂၀၂၄ ဒီဇင်ဘာလက စက်ရုံအလုပ်သမား အမျိုး သမီးတဦး၏ လက်မောင်းကို ကြမ်းတမ်းစွာကိုင်တွယ်ပြီး ရုံးခန်းမှ ဆွဲထုတ်ကာ အလုပ်ထုတ်ခဲ့သည်ကို အလုပ်သမားမှ မကျေနပ်၍ တိုင်ကြားသဖြင့် အင်းစိန်မြို့နယ်အလုပ်သမားဦးစီးရုံးတွင် ဖြေရှင်းခဲ့ရပြီး မြို့နယ် အလုပ်သမားရုံးကလည်း ထိရောက်စွာအရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။

ထိုကျူးလွန်ခဲ့သည့် ဖြစ်ရပ်ပြီးနောက် စက်ရုံအတွင်း၌ အလုပ်သမားသမဂ္ဂ ဖွဲ့ကြရာ စက်ရုံပိုင်ရှင်မှ လက်မခံဘဲ တားမြစ်မှုများ ပြုလုပ်ခဲ့ကြောင်း STUM တာဝန်ရှိသူ မမျိုးမျိုးအေးက ပြောသည်။

၎င်းက “အကြမ်းဖက်ခံရတဲ့ မိန်းကလေးကို တရုတ်သူဌေးနဲ့ စကားပြန်တွေ၊ စူပါတွေက ဆွဲလား ရမ်းလားလုပ်လို့ ရဲစခန်းမှာ သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံလို့ အမှုဖွင့်တာ၊ ဒီလိုအမှုဖွင့်လို့ စက်ရုံပိုင်ရှင်က အလုပ်ကနေ ထုတ် ပစ်လိုက်ရော။ ပြီးတော့ တခြားလူတွေကိုလည်း သမဂ္ဂ မလုပ်ဖို့ တားတယ်။ ဒါပေမယ့် သမဂ္ဂကိုမဖျက်ဘဲ ဆက် လုပ်နေတာ။ အဲဒီကနေ စဖြစ်တော့တာပဲ” ဟု ဆိုသည်။

Golden Colour Fashion စက်ရုံ

တရားစွဲဆိုမှုများ မပြုလုပ်မီ ဧပြီ ၈ ရက်က စက်ရုံလုပ်ငန်းရှင်အနေဖြင့် အလုပ်သမားအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုမရှိဘဲ အပြစ်ကင်းကြောင်း အလုပ်သမားများအား ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြုလုပ် ခိုင်းသည့်သတင်း ပေါက်ကြားမှုဖြင့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ လက်ကိုင်ဖုန်း များကို သက်သေခံအဖြစ် သိမ်းဆည်းကာ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံရသည့် ၄ ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီး အလုပ်မှ ထုတ်ပယ်လိုက်ပြီး အလုပ်သမားများအား လက်မှတ်ထိုးခိုင်းသည့်စာကို ဖြန့်ဝေမှုဖြင့် STUM ကိုပါ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မမျိုးမျိုးအေးက “ဧပြီ ၂၂ ရက်က အဖမ်းခံရတယ်။ ၆၆ (ဃ) နဲ့ ဆိုတော့ အာမခံ ရလိုက်ပါတယ်။ အင်းစိန်ရဲစခန်းမှာပဲ အမှုစွဲဆိုထားတယ်။ ကျမတို့ကိုရော ဒီကလေးမလေးတွေကိုပါ ဖွင့်ထားတာပါ။ အခုတော့ အမှုတည်ဆောက်နေဆဲပါ။ ဒီဖြစ်စဉ်ဟာ လုပ်ငန်းရှင်ကနေ စပြီး ကျူးလွန်တယ်။ သမဂ္ဂဖွဲ့ဖို့ကြိုးစားတဲ့အချိန်မှာ လုပ်ငန်းရှင်တွေရော သူ့အောက် က လူတွေရော သမဂ္ဂမဖြစ်အောင် ဟန့်တားကြတယ်။ အဲဒါကနေ ပေါက်ဖွားလာတဲ့ကိစ္စတွေဖြစ်တယ်” ဟု ပြောသည်။

Golden Colour Fashion အထည်စက်ရုံသည် အလုပ်ရှင် အလုပ်သမား စာချုပ်ဖောက်ဖျက်ခြင်း၊ အလုပ်သမား အခွင့် အရေး ချိုးဖောက်ခြင်း၊ ကာအိ‌န္ဒြေပျက်ပြားစေခြင်း၊ နိုင့်ထက်စီးနင်းပြုမူခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အချိန်ပို အတင်းအကျပ်ခေါ်ခြင်း၊ မက်လုံးပေးခိုင်းစေကာ လစာထုတ်မပေးခြင်း၊ အလုပ်သမားများကို ဖမ်းဆီးခြင်းများအပြင် စက်ရုံသမဂ္ဂဖွဲ့စည်းသည့် အလုပ်သမားများကိုခွဲခြားဆက်ဆံ ဖိနှိပ်ခြင်းများ၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီဆောင်ရွက်သူ များက ဆိုသည်။

You may also like these stories:

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ

Your Thoughts …
Tags: Golden Colour FashionSTUMအထည်ချုပ်စက်ရုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

by ဧရာဝတီ
20 February 2024
11.8k

လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အထည်ချုပ်စက်ရုံတွင် ယခုလ ၁၆ ရက်မှ စတင်ပြီး စစ်ယူနီဖောင်း အများအပြားအား အချိန်မီ ပြီးစီးရန် ချုပ်လုပ်နေရကြောင်း ယင်းစက်ရုံ၏ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

by ဧရာဝတီ
5 September 2023
3.3k

ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော အလုပ်သမား ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနှင့် H&M အဆက်ဖြတ်မည်

မြန်မာနှင့် H&M အဆက်ဖြတ်မည်

by ဧရာဝတီ
18 August 2023
2k

H&M သည် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများကို ဖြည်းဖြည်းချင်း ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်

မြန်မာစက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ H&M စုံစမ်းစစ်ဆေး

မြန်မာစက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ H&M စုံစမ်းစစ်ဆေး

by ဧရာဝတီ
17 August 2023
877

Inditex သို့ ပစ္စည်းပေးသွင်းသူများနှင့် ပတ်သက်သည့် စွပ်စွဲထားသည့် အခွင့်အရေး ချိုးဖောက်မှု ၂၁ ခုရှိကြောင်း အထက်ပါအစီရင်ခံစာအရ သိရသည်။

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

by ဧရာဝတီ
3 January 2024
676

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းလာသော စက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံအများစု ပါဝင်ပြီး တချို့စက်ရုံများမှာ တနေရာတွင် ပိတ်ပြီး နောက်ထပ် တနေရာတွင် သူဌေးနာမည်အသစ်နှင့် စက်ရုံ ထပ်မံဖွင့်လှစ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း

Next Post
စစ်တပ်အဖို့ တိုက်ယူရသော လားရှိုး မဟုတ်ခဲ့ပါ

စစ်တပ်အဖို့ တိုက်ယူရသော လားရှိုး မဟုတ်ခဲ့ပါ

မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်

မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate