• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

by ဧရာဝတီ
8 May 2025
in သတင်းတို
A A
ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

ငလျင်ဗဟိုချက်အနီး ရွာမှ အပျက်အစီးများ/ CJ

465
VIEWS
Share on FacebookShare on Twitter

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်ချ်စတာစကေး ၇ဒသမ၇ ရှိ ငလျင်၏ ဗဟိုချက်ဖြစ်သော စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ရေခါးအင်းအနီးရှိ ကျောက်တာ၊ ရေခါးကျေးရွာများမှာ ငလျင်ဒဏ်သင့်ကာလ တလကျော်ကြာ သည်အထိ သောက်သုံးရေမှအစ အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံနှင့် ငလျင်ဘေးကူညီပေးနေသူများ ထံက သိရသည်။

အဆိုပါကျေးရွာများမှာ စစ်ကိုင်းမြို့နှင့် ၆ မိုင်ကျော်သာ ကွာဝေးသော်လည်း ဒေသလုံခြုံရေးအခြေအနေအရ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်နိုင်မှု နည်းပါးခြင်း၊ ငလျင်ကြောင့် လမ်းများထိခိုက်ပျက်စီးထားသဖြင့် သွားလာရေး ခက်ခဲကာ ပြန်လည် ထူထောင်ရေး မလုပ်ဆောင်နိုင်သေးခြင်း၊ ပြိုကျပျက်စီးသွားသည့်နေအိမ်များနှင့် ဖြိုချရမည့် နေအိမ်များအား ရှင်းလင်းနိုင်ရေးနှင့် စားသောက်ရေးအခက်အခဲများကို ရင်ဆိုင်နေရကြောင်း သိရသည်။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
844
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
3.3k
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
304

“ရေခါးအင်းရဲ့ မြောက်ဘက်မှာ ရေခါး၊ တောင်ဘက်မှာက ကျောက်တာ အလယ်မှာက ရေခါးအင်းပေါ့၊ ရေခါးအင်းရေက အငန်ဆိုတော့ သောက်သုံးဖို့ အဆင်မပြေဘူး၊ ငလျင်လှုပ်ပြီးတော့ ရေခါးရွာရဲ့ မြောက်ဘက်တည့်တည့်ကို ဖြတ်သွားတဲ့ အက်ကြောင်းရာကြီးတွေ ပေါ်လာတယ်၊ စည်းရိုးဘေးမှာရှိတဲ့ ရွာဆိုင်းဘုတ်ကလည်း လမ်းလယ်ခေါင်ကို ရောက်သွားတယ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ သောက်သုံးရေကအစ အကုန် လိုနေတာ”ဟု ရေခါးကျေးရွာဒေသခံတဦးက ပြောသည်။

ရေခါးအင်းသည် ဆားငန်ရေ ဖြစ်သောကြောင့် လူသောက်သုံးရန် မသင့်တော်ဘဲ စပီရူလိုင်းနား စိမ်းပြာရေညှိ ထွက်ရှိပြီး ငလျင်ဒဏ်ကြောင့် ရေအနက် ၂၂ ပေရှိရာမှ ၂ ပေခန့် လျော့သွားခဲ့သလို လက်ရှိ အနက်ပေ ၂၀၊ အင်းအကျယ်အဝန်း ၁၁၄ ဧက ရှိကြောင်း၊ ပြင်းထန်ငလျင်၏ ဗဟိုချက် ရေခါးအင်းသည် မင်းဝံတောင်ရိုးနှင့် စစ်ကိုင်းတောင်ရိုးကြား အလယ်မှ အင်းကြီးဖြစ်ကာ ကမ္ဘာကျော် စစ်ကိုင်းပြတ်ရွေ့ကြောကြီးသည် ရေခါးအင်းအောက် တည့်တည့်၌ရှိကြောင်း သိရသည်။

ငလျင်ဗဟိုချက်အနီး တွေ့ရသော မြေလွှာပြတ်ကြောင်း/ CJ

ရေခါးကျေးရွာတွင် ငလျင်ကြောင့် နေအိမ်များ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမျိုး မရှိခဲ့သော်လည်း ကျေးရွာတွင်း လမ်းများနှင့် ရွာအဝင်လမ်း ပျက်စီးခဲ့ပြီး မြေလွှာရွေ့လျားမှုများ ဖြစ်ပေါ်ခဲ့သလို အိမ်ခြေ ၇၃၃ အိမ်ရှိသည့် ကျောက်တာရွာ၌ လူနေထိုင်၍ မရအောင် ပြိုကျပျက်စီးသောအိမ် ၁၀၁ လုံး၊ ၈၀ ရာခိုင်နှုန်းအထိ ပျက်စီးသဖြင့် ဖြိုချရမည့် အိမ်ခြေ ၇၄ လုံး ရှိကြောင်း၊ ငလျင်ဗဟိုချက်ဖြစ်သော်လည်း လူသေဆုံးမှုမရှိခဲ့ဘဲ တဦးသာ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာများသည် ယခင်ကတည်းက ရေရှားပါးရာအရပ်ဒေသဖြစ်ပြီး ၂၀၁၂ ခု နောက်ပိုင်းတွင် ဧရာဝတီမြစ်ရေကို ပိုက်လိုင်းသွယ်၍ သုံးစွဲခဲ့ကြောင်း၊ ယခုအခါ ပိုက်လိုင်းများ ကျိုးပြတ်နေသလို လျှပ်စစ်မီး ပြန်လည် မရရှိသေးသဖြင့် သောက်သုံးရေ ခက်ခဲနေခြင်းဖြစ်သည်။

“အရင်ကတည်းက နေရာတိုင်းမှာ အဝီစိတွင်း တူးလို့မရဘူး၊ လက်ရှိ သောက်ရေအတွက် ရေအလှူရှင်တွေကို အားကိုး နေရတာပေါ့၊ ရေအလှူ မလာတဲ့အခါဆိုရင်လည်း ရွာကနေ ပုံးတွေ ရေကန်တွေ စု ကားပေါ်တင်ပြီး စစ်ကိုင်းကမ်းနားဘက် ကနေ သွားသယ်ရတာပေါ့နော်၊ ရေကတော့ တော်တော်လေး အဆင်မပြေကြဘူး” ဟု ကျောက်တာကျေးရွာသားတဦးက ပြောသည်။

ပြင်းထန်ငလျင်ကြောင့် ဗဟိုချက်အနီး ကျောက်တာရွာ၌ ၁၀ ပေနီးပါး ရွေ့သွားသော သစ်ပင်/ Sawmyat Noe’s Post

ငလျင်ကြောင့် နေအိမ်ပြိုပျက်သွားသူများအား အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ယာယီတဲအိမ်၊ ရွက်ဖျင်တဲများ ဆောက်လုပ်လှူဒါန်းပေးခြင်းများ ရှိသော်လည်း လက်ရှိအချိန်ထိ အစိုးရ၏ ကူညီထောက်ပံ့များ မရရှိသေးကြောင်း၊ ပြိုကျပျက်စီးသွားသည့်နေအိမ်နှင့် ဖြိုချရမည့် နေအိမ်များအနက်အချို့ကို မိမိအစီအစဉ်ဖြင့် ဒေသတွင်း နေ့စား အလုပ်သမားများ ငှားရမ်း လုပ်ဆောင်နေရကြောင်း၊ ကြီးမားသည့် အပျက်အစီးများ စက်ယန္တရားအခက်ခဲကြောင့် မရှင်းလင်းနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင်အင်အားပြင်းငလျင်၏ ဗဟိုချက်မဖြစ်သော ရေမျက်ကြီးအင်းအနီး စာရေး အရှေ့၊ စာရေးအနောက်၊ ကျောက်ပနံ၊ ကန်ကြီးကုန်း၊ ရွာသစ်၊ တောင်ရင်း (တောင်)၊ တောင်ရင်း (မြောက်) စသော ကျေးရွာများကို စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်(တမခ ၃၃) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ တတိယပတ်မှ စတင်ကာ စစ်ကြောင်းထိုး နေသဖြင့် ငလျင်ဘေးသင့် ဒေသခံများ စစ်ရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်စိုးမိုးထားသည့် ငလျင်ဘေးသင့် နယ်မြေများသို့ အကူအညီ မရောက်ရှိရေး စစ်တပ်မှ ကန့်သတ်ပိတ်ဆို့ထားသလို စစ်ကြောင်းထိုးနေခြင်းကြောင့် ကူညီထောက်ပံ့ရန် အခက်အခဲ ကြုံနေရကြောင်း လူမှုကူညီရေးအသင်းများနှင့် ငလျင်ဘေးကူညီသူများက ဆိုသည်။

You may also like these stories:

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်

ပြင်းထန်ငလျင်ကြောင့် အဆောက်အအုံနှင့် ဘုရားစေတီ ၅ သောင်းကျော် ပျက်စီး

Your Thoughts …
Tags: ငလျင်ဗဟိုချက်ရေခါးအင်းသောက်သုံးရေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.2k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.5k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

by စွယ်တော်
12 April 2025
11.1k

ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.4k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

နဂါးကြီးလှန်လိုက်လို့ မြေငလျင်လှုပ်သတဲ့လား (ရုပ်/သံ)

နဂါးကြီးလှန်လိုက်လို့ မြေငလျင်လှုပ်သတဲ့လား (ရုပ်/သံ)

by ဧရာဝတီ
26 April 2025
8.3k

ငလျင်လှုပ်တာဟာ နဂါးကြီး လှန်လိုက်လို့လှုပ်တာဆိုတဲ့ မိုင်းဖုန်းဆရာတော်အရှင်ဉာဏသံဝရ ရဲ့ ဟောကြားချက်ဟာ ဗုဒ္ဓဓမ္မတရားတော်နဲ့ရော သိပ္ပံနည်းနဲ့ပါလွဲချော်နေပြီး ပြည်သူတွေကို အသိအမြင်လွဲမှားမှု ဖြစ်စေနိုင်တယ်လို့သံဃာတော်တွေက မိန့်ကြားပါတယ်။

Next Post
ဖားကန့်ကို စစ်ဆင်ရေးဝင်မယ့် စစ်ကြာင်းတွေ ကြားဖြတ် အတိုက်ခံနေရ  (ရုပ်/သံ)

ဖားကန့်ကို စစ်ဆင်ရေးဝင်မယ့် စစ်ကြာင်းတွေ ကြားဖြတ် အတိုက်ခံနေရ (ရုပ်/သံ)

အပယ်ခံများ၏ ရင်ပြင်နီက စစ်ရေးပြပွဲ

အပယ်ခံများ၏ ရင်ပြင်နီက စစ်ရေးပြပွဲ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate