• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

by ဧရာဝတီ
17 June 2025
in သတင်းတို
A A
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသော ဒေသခံများ/ အောင်ဇော်မိုး ဖားကန့်

403
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလှုပ်ရှားနေသည့် ဖားကန့်မြို့နယ်၊ မှော်ဆီဇာရွာတွင် ယနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သားအလောင်းတလောင်းလည်း ယူမာရွာ၌ ထပ်မံတွေ့ရှိထားကြောင်း ဖားကန့်ဒေသခံများထံက သိရသည်။

ကမ္ဘာကျော်ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့သို့ စစ်ကောင်စီတပ်က မေလဆန်းပိုင်းမှစတင်ကာ ကာမိုင်းဘက်မှ ထိုးစစ်ဆင်လာပြီးနောက် မေလကုန်ပိုင်း၌ ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ ဝင်ရောက် လှုပ်ရှားလာနိုင်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများနှင့် မီးရှို့ဖျက်ဆီးမှုများ၊ အရပ်သားပစ်သတ်ခံရမှုများ မြင့်တက်လာခဲ့သည်။

RelatedPosts

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
161
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
167
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.2k

စစ်ကြောင်းလှုပ်ရှားနေသည့် မှော်ဆီဇာ၊ တောင်ယာကုန်းစသောကျေးရွာများတွင် ဇွန်လ ၁၂ ရက်မှ ယနေ့အထိ ပစ်သတ် ခံထားရသည့် ရုပ်အလောင်း ၁၃ လောင်းထက်မနည်းရှိနေပြီး တောင်ယာကုန်းရွာပစ်သတ်မှုများမှာ စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က မှော်ဆီဇာရွာ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်တပ်အား ယနေ့မနက် သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဖားကန့်ရှိ ဗျူဟာကုန်းစခန်းမှ လက်နက်ကြီးပစ်ကူပေးလျက်ရှိကြောင်းလည်း KPDF တပ်ဖွဲ့ဝင်တဦးကပြောသည်။

၎င်းက “ မှော်ဆီဇာမှာရှိနေတဲ့ ကောင်တွေ(စစ်တပ်)ကိုသွားပစ်တာ၊ ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၂၀ ကျော်လောက် သေတယ်” ဟု ပြော သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနှင့်ပတ်သက်ပြီး ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖားကန့် ယူမာရွာ ဓာတ်ဆီဆိုင်အနီး ပစ်သတ်ခံရမှုကြောင့် အမျိုးသားတဦး သေဆုံးနေပုံ/ အောင်ဇော်မိုး ဖားကန့်

တိုက်ပွဲဖြစ်ပွားစဉ် ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တလုံး ကုဋေမှော်ရွာထဲရှိ လူနေအိမ်များပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တဦးအပါအဝင် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်အဆောက်အဦအချို့ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ယမန်နေ့ညနေပိုင်းကလည်း မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ဖားကန့်မြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ကျောက်စိမ်းလုပ်ကွက်များအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအပေါ် ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည့် စစ်တပ်အနေဖြင့် ဒေသတွင်းအရပ်သားများအပေါ် ဖိနှိပ်ခြင်းဖြင့် ဩဇာထူထောင်ကာ လက်နက်ကိုင်တပ်ဖွဲ့ များ၏ ဝင်ငွေရလမ်းကြောင်းအား ဖြတ်တောက်လိုခြင်းနှင့် လက်လွှတ်ခဲ့ရသည့် တပ်စခန်းကုန်းနေရာများအား ပြန်ရယူလိုခြင်းကြောင့် ထိုးစစ်ဆင်နေခြင်းဖြစ်နိုင်ကြောင်း KIA ဘက်က ပြောထားသည်။

တိုက်ပွဲများကြောင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

You may also like these stories:

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

ဖားကန့်တွင် လက်နက်ကြီးကြောင့် မီးလောင်ပေါက်ကွဲ၍ ပြည်သူအများအပြား သေဆုံး

Your Thoughts …
Tags: စစ်ကြောင်းပစ်သတ်ဖားကန့်အရပ်သား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

by ဧရာဝတီ
17 May 2025
5.8k

ယာယီအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင် စစ်ကြောင်းများပါထိုးပြီး ကလေးများ အပါအဝင် အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်။

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ချင်းတပ်များ တောင်ပိုင်းကို စစ်ဆင်ချိန် မြောက်ပိုင်းစခန်း ၂ခု စစ်တပ်ပြန်သိမ်း

ချင်းတပ်များ တောင်ပိုင်းကို စစ်ဆင်ချိန် မြောက်ပိုင်းစခန်း ၂ခု စစ်တပ်ပြန်သိမ်း

by မေရီခိုင်
21 June 2024
4.9k

လက်လွှတ်ခဲ့ရသော စစ်တပ်စခန်း နှစ်ခုမှာ ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ် ကနေဒီတောင်စခန်းနှင့် သိုင်းငင်းစခန်းတို့ ဖြစ်ပြီး အဆိုပါစခန်းနှစ်ခုသည် စစ်ရေးအရ အရေးပါသည့် ကလေး-တီးတိန်လမ်းမပေါ် တည်ရှိသည်။

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Next Post
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate