၁၉၅၂ ခုနှစ် မတ်လ ၁၄ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနုသည် လွတ်လပ်ရေးရပြီး ပထမဆုံး အကြိမ်ကျင်းပသည့် ၁၉၅၁-၅၂ ရွေးကောက်ပွဲတွင် ဖဆပလ အဖွဲ့ကြီးက မဲအများဆုံး ရရှိပြီး ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် ဦးနု တာဝန်ယူစဉ်ကာလတွင် ပြည်တွင်းသောင်းကျန်းမှုမျိုးစုံနှင့် တရုတ်ဖြူ ကျူးကျော်မှုရန်တို့ကို ဖြေရှင်း ဆောင်ရွက်ခဲ့သည်။
နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ကြားနေဝါဒကို ကျင့်သုံးသဖြင့် နိုင်ငံတကာ၏ လေးစားခြင်းကို ခံခဲ့ရသည်။ သို့သော် ၁၉၅၄ ခုနှစ် ဝန်းကျင်တွင် ဖဆပလအဖွဲ့အတွင်း ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂဏရေး ပဋိပက္ခများကြောင့် အစိုးရ၏သြဇာမှာ များစွာ ကျဆင်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲခဲ့သည်။
ဖဆပလအကွဲတွင် စစ်တပ်မှအာဏာသိမ်းရန် စီစဉ်ရာ ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာလွှဲ အပ်ပေးခဲ့သည်။
၁၉၆၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ဦးနေဝင်းက ရွေးကောက်ပွဲတွင်အနိုင်ရသော ဦးနုထံ အာဏာပြန်လွှဲ ပေးခဲ့ သည်။
သို့သော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဦးနေဝင်းက ထပ်မံအာဏာသိမ်းရာ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၇ ခုနှစ်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။